Mandalay News

0 0
Read Time:3 Minute, 13 Second

ကျောက်ပန်းတောင်း -မိတ္ထီလာလမ်းပေါ်တွင် ဒုရဲမှူးအောင်ကျော်ထွန်း၊ ဒုရဲအုပ်ရန်ရှင်းပါ ၃ ဦးလိုက် ပါသည့်ကားကို စစ်ဆေးစဉ်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၃ ဦးစလုံးသေဆုံး၊ လက်နက် ၅ လက်နှင့် ပစ္စည်းအချို့သိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၁

 

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း -မိတ္ထီလာလမ်းမပေါ်တွင် ဒုရဲမှူး‌ အောင်ကျော်ထွန်း၊ ဒုရဲအုပ်ရန်ရှင်းပါ ၃ ဦးလိုက်ပါလာသည့် ကားကို တားဆီးစစ်ဆေးရာ ထွက်ပြေး သဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၃ ဦးစလုံးသေဆုံးပြီး လက်နက် ၅ လက်နှင့် ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ ကြောင်း Ah Nyar Myay PDF ကျောက်ပန်းတောင်းတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၃၁ ရက် ညနေပိုင်းက ကျောက်ပန်းမြို့နယ်၊ လက်ပံပြားကြက်ကြော်ဆိုင်ကွေ့ အနီး၊ ကျောက်ပန်းတောင်း -မိတ္ထီလာလမ်းပေါ်တွင် ကြိုတင်သတင်းအရ Mark X ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးရာ စစ်ဆေးခံခြင်းမရှိပဲ မောင်းနှင်ထွက် ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးရာ ကားမှာ လမ်းဘေးထိုးကျတိမ်းမှောက်သွားပြီး ကားပေါ် စီနင်းလိုက်ပါလာ သူ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် ရဲတပ်ကြပ် မြတ်သူတို့ သေဆုံးပြီး BA72 အမျိုးအစား သေနတ် ၁ လက်၊ BA94 အမျိုးအစား သေနတ် ၁ လက်၊ BA93 အမျိုးအစား သေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၂ လက်၊ လက်ပစ်ဗုံးတစ်လုံး နှင့် ငွေသားတချို့အပါအဝင် သက်ဆိုင်ရာကဒ်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“ကျောက်ပန်းတောင်းမြို့မစခန်းမှူးရယ်၊ သာယာအေးနယ်ထိန်း ဒုရဲအုပ်ရယ်၊ သူကပြောင်းလာတာ မကြားသေးဘူး။ ဘယ်သွားဖို့လည်းတော့ သေချာမသိဘူး။ ကျနော်တို့ကလမ်းပေါ်မှာ စစ်ဆေးနေ တုန်း သူတို့ထဲက ဂန်းကိုင်ပြီး ကျည်ထိုးတာ အရင်မြင်လိုက်လို့ တန်းပစ်လိုက်တာ၊ ကံကောင်းသွာ တာ၊ သူတို့ဘက်က ပြန်ပစ်ချိန်မရလိုက်ဘူး။ ကျောက်ပန်းတောင်း -တောင်ဦးလမ်းပိုင်းမှာပါ။” ဟု Ah Nyar Myay PDF ကျောက်ပန်းတောင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်း၊ ညောင်ဦးခရိုင် အမှတ် ၁ တပ်ရင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တောင်သာမြို့နယ်ပကဖ နှင့် LACR (မြင်းခြံ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *