China News

0 0
Read Time:4 Minute, 56 Second

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ မြောက်ပိုင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ခုခံတွန်းလှန် စစ်အပေါ် အတင်းအဓမ္မ ဖိအားပေးကာ စစ်ပွဲရပ်တန့်စေသည့် လုပ်ဆောင်မှုအား ကန့်ကွက်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေး ကော်မ တီ (မန္တလေး) က ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၁

 

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ခုခံတွန်းလှန် စစ်အပေါ် အတင်းအဓမ္မ ဖိအားပေးကာ စစ်ပွဲရပ်တန့်စေသည့် လုပ်ဆောင်မှုများအား ကန့်ကွက် ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေး ကော်မတီ (မန္တလေး) က ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

 

ဩဂုတ်လ ၂၉ ရက် ရက်စွဲဖြင့် ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီမှ တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော်အပေါ် သတိပေးခြိမ်းခြောက်သည့် အလားသဏ္ဍာန်တူသော ကြေညာချက် တစောင် ပေးပို့လာသည်ကို ကြားသိရကြောင်း၊ ထို့ပြင် ဩဂုတ်လ (၃၁)ရက်နေ့တွင်လည်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် “တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နဲ့ ပြန်လည်သင့်မြတ်မှု လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင် ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် လုပ်ဆောင်သွားမှာဖြစ်ပါ တယ်” ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်တပ်၏ မတရား အာဏာသိမ်းမှုခံထားရသဖြင့် ဖက်ဒရယ် ဒီမို ကရေစီ နိုင်ငံဖြစ်ပေါ်လာစေရန် နိုင်ငံတဝှမ်း လွတ်မြောက်ရေးအတွက် နည်းနာပေါင်းစုံဖြင့် ခုခံ တော်လှန်စစ် ဆင်နွှဲနေသည့် နိုင်ငံတနိုင်ငံဖြစ်ပြီး “ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် တန်းတူရေး” အတွက် ဒီမိုကရေစီ စံနှုန်းများအား အလေးထားကာ တိုက်ပွဲဝင်နေကြသည့် နိုင်ငံတဝှမ်းရှိ လက်နက်ကိုင် အင် အားစုများ၏ ခုခံတွန်းလှန်စစ်များအား အပြည့်အဝထောက်ခံအားပေးပါကြောင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေး ကော်မ တီ (မန္တလေး) ၏ ထုတ်ပြန် ချက် တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ခုခံတော်လှန်တွန်းလှန်နေသည့် မဟာမိတ်အင်အားစုများ၏ စစ်ရေးလှုပ် ရှားမှုများအပေါ် အတင်းအဓမ္မ ဖိအားပေး ရပ်တန့်စေသည့် တရုတ်၏ ကြိုးပမ်းမှုအားလုံးအပေါ် ပြင်း ထန်စွာ ရှုတ်ချကန့်ကွက်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ သည် မြန်မာပြည်သူ လူထုထံမှ ဆင်းသက်လာကြောင်း”ကို သတိပြု၍ ယခုကဲ့သို့ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာအား ခြိမ်းခြောက် စော်ကားသည့် ဝင်ရောက်စွက်ဖက်သော လုပ်ရပ်မျိုးကို ရှောင်ရှားသင့်ကြောင်းလည်း အသိပေးထားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူလူထုတရပ်လုံး၏ ဆန္ဒသဘောထားအား မထီမဲ့မြင်ပြုသည့် ယခုကဲ့သို့ အကြမ်းဖက်စစ်တပ်အား ထောက်ခံသော အပြုအမူ ဆောင်ရွက်မှုများအား လုံးဝမပြု လုပ်ရန် အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေး ကော်မတီ (မန္တလေး) က အလေးအနက် တိုက်တွန်းထားသည်။

 

ယနေ့ တော်လှန်နေကြခြင်းသည် “စစ်အာဏာရှင်စနစ်ပျက်သုဉ်း၍ ဖက်ဒရယ် ဒီမိုကရေစီအရေး” တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်ကို သတိပြု၍ “အာဏာရှင်တို့အား အထောက်အပံ့ဖြစ်သော လုပ်ရပ် များအပါအဝင် အာဏာရှင်တို့အား ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးစေမည့် ငြိမ်းချမ်းရေးဖြစ်စဉ်” များအား နည်းလမ်းပေါင်းစုံဖြင့် ခြိမ်းခြောက်ခြင်း၊ တိုက်တွန်းခြင်းများ ပြုလုပ်နေပါက မြန်မာလူထုနှင့် တရုတ် နိုင်ငံသည် ဝေးကွာ၍ မလိုလားအပ်သော အမုန်းတရားများ ဖြစ်ပွားလာစေမည်ကိုသတိချပ်၍ တရုတ် နိုင်ငံအနေဖြင့် မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားကို အလေးအနက်ထားစေလိုကြောင်း ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *