Bago News

0 0
Read Time:2 Minute, 6 Second

ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာ စစ်တပ်ရှေ့တန်းစခန်းကို ၆ မိနစ်အတွင်း အပြီးသတ်သိမ်းပိုက်ရရှိ၊ အရာရှိတစ်ဦးအပါအဝင် ၅ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၁

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်း အမြောက်အ များ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၁၁ နာရီခန့်က ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာကျေးရွာရှိ အ ကြမ်း ဖက် ရှေ့တန်း စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ KNLA တပ်ရင်း ၉ ၊ PDF တပ်ရင်း ၃၇၀၂ ၊ စစ် ဒေ သခွဲ ဒရုန်းအထူးတပ်ဖွဲ့ ၁၈၀၅ နှင့် PDF Spring Warrior စစ်ကြောင်းတို့ ပူးပေါင်း ဒရုန်းဖြင့် စတင်တိုက်ခိုက်ပြီးနောက် ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာ ၆ မိနစ်အကြာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် ၅ ဦး သေ ဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမြောက်အများနှင့် ဆန်အိတ်ပေါင်း ၄၀၀ ကျော် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရ သည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းမှ စစ်သားများသည် ဘောကထားစခန်းတိုက်ခိုက်သိမ်းပိုက်ခံရ ပြီး နောက် ထွက်ပြေးသွားသော စစ်သားများဖြစ်ပြီး ကုန်းမြင့်သာကျေးရွာ၌ ရှေ့တန်းစခန်းပြုလုပ် ကာ တပ်စွဲနေထိုင်ကြသူများဖြစ်ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊အမှတ် ၂ စစ်ဒေဿခွဲက ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *