TNLA News

0 0
Read Time:3 Minute, 29 Second

လက်ရှိအချိန်တွင် စစ်အာဏာရှင်ကို တက်ညီလက်ညီတိုက်ခိုက်ကြမည်ဟု TNLA ဗိုလ်ချုပ်တား ဘုန်းကျော် ပြောဆို (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၃၁

 

လက်ရှိအချိန်တွင် စစ်အာဏာရှင်အမြစ်ပြတ်ရေး တက်ညီလက်ညီတိုက်ခိုက်ကြရမည်ဖြစ်ကြေင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

 

သိမ်းပိုက်ရရှိထားသော မြို့နယ်များတွင် အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ရန် ဒေသနေ ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးစဉ် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျနော်တို့ သိမ်းလိုက်တဲ့မြို့တွေ၊ ထိန်းသိမ်းလိုက်တဲ့မြို့တွေကို ကျနော်တို့စီမံအုပ်ချုပ်သွားဖို့ တာ ဝန်ရှိတယ်။ ဒီမှာရှိနေတဲ့ ဒေသခံပြည်သူလူထုတွေ စားဝတ်နေရေးပြေလည်ဖို့ အသက်အိုးအိမ်လုံခြံမှု ရှိဖို့ ကျနော်တို့က အကောင်းဆုံးစီမံခန့်ခွဲဖို့လိုတယ်။ ဒါတွေစီမံခန့်ခွဲသွားမယ်၊ အုပ်ချုပ်သွားမယ်။ နိုင်ငံရေးအရကတော့ စစ်အာ ဏာရှင်ကို ကျနော်တို့ အခုချိန်မှာ တက်ညီလက်ညီတိုက်ရမယ်။ အဲဒီ နောက်ပိုင်းတဆင့်ရောက်ပြီဆိုရင်တော့ ကျနော်တို့ နိုင်ငံရေးစကားကောင်းကောင်း ပြောကြဖို့လို မယ်။ အဲဒီအချိန်ကျရင်တော့ အဖြေတစ်မျိုးလာလိမ့်မယ်” ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြော ကြားသည်။

ဒေသနေမိဘပြည်သူလူထုအနေဖြင့် လက်ရှိ ကုန်းဈေးနှုန်းအပေါ် အတတ်နိုင်ဆုံးဝိုင်းဝန်း ထိန်းညှိ ပေးရန်၊ စိုးရိမ်တကြီးမဖြစ်ကြရန် ရပ်မိရပ်ဖများနှင့်တာဝန်ရှိသူတွေပူးပေါင်းဖြေရှင်းကြရန် ဆက် လက်တိုက်တွန်းထားသည်။

 

“လောလောဆယ် ကုန်ဈေးနှုန်းတွေ၊ ဆန်ဈေးတွေ၊ အဲဒီအပေါ်မှာ အတတ်နိုင်ဆုံး ဝိုင်းဝန်းထိန်းညှိ ပေးဖို့၊ တအားကြီးမစိုးရိမ်ဖို့၊ ဖြစ်လာတဲ့ ပြသနာတွေကိုလည်း ရပ်မိရပ်ဖနဲ့ ကျနော်တို့တာဝန်ရှိသူ တွေ သေချာပူးပေါင်းဖြေရှင်းတာ အဆင်ပြေနိုင်တယ်၊ ညှိလို့မှ တချို့ကိစ္စတွေလိုအပ်လာတယ်ဆိုရင် သူတို့ကိုပြောလိုက်၊ ကျနော်တို့ဆီတင်ပြ ကျနော်တို့ကူပြီးတော့ ရှင်းပေးမယ်။ ကျနော်တို့ကူပြီးတော့ စဉ်းစားပေးမယ်။ ပြသနာတွေကို အတူတူကျော်လွှားကြမယ်။” ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုသည်။

 

လက်ရှိအခြေအနေသည် အဆိုးဆုံးအခြေအနေကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး အနည်းငယ်ရှိသည့် အဖုအ ထစ်များကိုလည်း အတူတူရင်ဆိုကျော်လွှားကြမည်ဖြစ်ကြောင်း ဆက်လက်တိုက်တွန်းထားသည်။

 

“အဆိုးဆုံးအခြေအနေကိုတော့ ကျနော်တို့ကျော်လွန်ခဲ့ပါပြီ။ အခုက အဆိုးဆုံးထဲမှ နည်းနည်း လေးအထစ်အငေါ့လေးတော့ရှိသေးတာပေါ့။ အဲဒါတွေကို ကျနော်တို့ အတူတူရင်ဆိုင်ကျော်လွှား ရအောင်။ ကျနော်တို့မိုးမိတ်မြို့ကို ပုံမှန်ပြန်လည် လည်ပတ်လာအောင် ဝိုင်းဝန်းကြိုးစားကြမယ်။ ပြီးရင်မိုးမိတ်မြို့ကို ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြပါစို့။” ဟု ဗိုလ်ချုပ်တားဘုန်း ကျော်က ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *