Tanintharyi News

0 0
Read Time:4 Minute, 2 Second

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အေးမြသာယာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအရှေ့ကမ်းရွာကို ကော်သူးလေအာမီထိန်းချုပ်၊ တံ တား အနောက်ဘက်ခြမ်းရှိ ကင်းစခန်းကိုလည်းသွားရောက်တိုက်ခိုက်

 

D Day News

ဩဂုတ်လ ၃၁

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အေးမြသာယာကျေးရွာအနီးတွင် တိုက်ပွဲဖ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က ခမောက်ကြီးမြို့နယ်၊ အေးမြ သာယာကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကော်သူးလေးအာမီတို့ကြား အပြန် အ လှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“မနေ့က အေးမြသာယာကျေးရွာအနီးမှာ ကော်သူးလေအာမီနဲ့ စကစနဲ့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ် ချိန်ကတော့ သိပ်ပြီးတော့မကြာဘူး။ မိနစ် ၂၀ လောက်ပဲရှိမယ်။ စကစဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာတွေတော့ရှိတာပေါ့၊ သူတို့ထုံစံအတိုင်းပဲ၊ စကစ ဘက်က ၃ ယောက်သေ တယ်။ သေသွားတဲ့ စစ်သားအလောင်း ၃ လောင်းကို အေးမြသာယာရွာ အုပ်ကြီးရဲ့ ကားနဲ့ နမ်မသွင် စခန်း ဘက်ကို သယ်သွားတယ်။” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

အလားတူ ဩဂုတ်လ ၂၈ ရက် ညနေပိုင်းက တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် အ ကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၅၆၁ တပ်ရင်းနှင့် ၁ မိုင်ခန့်အကွာ ရှိ ညောင်ပင်ကွင်း အရှေ့ကမ်း ရွာကို KTLA-ထီးဆဲ့မယ်ရွာတပ်ရင်းနှင့် မဟာမိတ်တပ်ဖြစ်သော PLA-အမှတ် ၈ စစ်ဒေသမှ ရဲဘော် များ ပူး ပေါင်းပါဝင်သော၊ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထိန်းပြီးနောက် ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပေ ၂၀၀ ကျော်အလျားရှိ ညောင်ပင်ကွင်းရွာ ကျေးရွာချင်းဆက် တံတား အနောက်ဖက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ကင်းပုန်း စခန်း ကို သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ခမရ ၅၆၁ တပ်ရင်းမှ တပ်သား ၁ ဦး ပျူစောထီး ၂ ဦး ထိမှန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကော်သူးလေအာမီ – KTLA ထီးဆဲ့မယ်ရွာတပ်ရင်းနှင့် မဟာမိတ်တပ်ဖြစ်‌ သော PLA အမှတ် ၈ စစ်ဒေသရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်များ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည် သူ့နေအိမ်အချို့အပေါ်သို့ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

တနင်္သာရီမြို့နယ်အတွင်း၌ စစ်ရေးတင်းမာလျက်ရှိပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် စစ်ရေးအသိ၊ သတိဖြင့် သွားလာနေထိုင်ပေးကြပါရန် ကော်သူးလေးအာမီက ထုတ်ပြန်ထားသည်။

Photo- တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူ့နေအိမ်များ

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *