NUCC News

0 0
Read Time:4 Minute, 14 Second

တရုတ်အစိုးရ၏ TNLA အပေါ် ခြိမ်းခြောက်မှုအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချဟု NUCC ထုတ်ပြန်

 

D Day News

ဩဂုတ်လ ၃၁

 

တရုတ်နိုင်ငံ၊ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် မတော် – TNLA အပေါ် စာပို့ ခြိမ်းခြောက်မှုအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC က ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

 

မြန်မာပြည်သည် ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများ ရှိနေသော်လည်း နိုင်ငံတွင်းမှီတင်း နေထိုင်ကြ သော လူမျိုးဘာသာစုံ ပြည်သူများ၏ အချုပ်အခြာအာဏာပိုင် နိုင်ငံတခု ဖြစ်ကြောင်း၊ နိုင်ငံ၏ ဒေသအသီးသီးရှိ လူမျိုးများနှင့် ၎င်းတို့၏ပြည်နယ်များ၊ နယ်မြေများ သည်လည်း သက်ဆိုင်ရာ လူမျိုးများနှင့် ဒေသခံပြည်သူများ၏ အချုပ်အခြာအာဏာပိုင် ပြည်နယ်များ၊ နယ်မြေပိုင်နက်များ ဖြစ်ကြကြောင်း NUCC က ပြောဆိုထားသည်။

 

မြန်မာနိုင်ငံတနိုင်ငံလုံးကို သော်လည်းကောင်း၊ နိုင်ငံအတွင်းရှိ လူမျိုးတမျိုး၊ ပြည်နယ် တခု၊ နယ်မြေ ဒေသတခုကို သော်လည်းကောင်း မည်သည့် တိုင်းတပါးနိုင်ငံကမှ နိုင်ငံရေးအရ ဖြစ်စေ၊ စစ်ရေး အရ ဖြစ်စေ၊ ခြိမ်းခြောက်အကျပ်ကိုင် ကန့်သတ်ပိတ်ပင် ဟန့်တားခြင်းများ ပြုလုပ်ခွင့် မရှိကြောင်း ထောက်ပြထားသည်။

မြန်မာတအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ဟု လိပ်မူ၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက် ရက်စွဲဖြင့် ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီမှ စစ်ရေးလေ့ကျင့်မှု အကြောင်းကြား ကြော် ငြာချက်ဟု ခေါင်းစဉ်တပ်ထားသည့် သတိပေး ခြိမ်းခြောက်စာတစောင် ပေးပို့ခဲ့သည့် စာပါ အချက် အလက် များအရ ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်ဟု ရိုင်းပျ စော်ကားသည့် အသုံးအနှုန်းများဖြင့် ရေးသားထားသည်ကို တွေ့ရကြောင်း NUCC က ပြောဆိုထား သည်။

 

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် မိမိတို့၏ မဟာမိတ် တော်လှန်ရေး အင်အားစု တခု ဖြစ်သည့်အပြင် အချုပ်အခြာအာဏာပိုင် လူမျိုးတမျိုးဖြစ်သည့် တအာင်း အမျိုးသားတို့၏ တပ် မတော် အပေါ်နှင့် မိမိတို့ပြည်သူများ၏ တော်လှန်ရေးအပေါ် ယခုကဲ့သို့ ရိုင်းပျစွာ ခြိမ်းခြောက်စော် ကားမှုကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါစာကိုပေးပို့ခဲ့သော ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီ အနေဖြင့် စာပေး ပို့မှုကို ပြန်လည် ရုတ်သိမ်းရန်၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ လူမျိုးများ၊ ပြည်သူများ အပေါ် နိုင်ငံတကာဥပဒေများ၊ ကျင့်ဝတ်များနှင့်အညီ လေးစားအသိအမှတ်ပြုရန် NUCC က ဆက်လက် တိုက်တွန်းထားသည်။

 

မြန်မာနိုင်ငံရှိ လူမျိုးစုံ ပြည်သူများသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့အပြင် အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အထူးတန်ဖိုးထားလိုလားသူများဖြစ်ပြီး စစ်အာဏာရှင်များ၏ ရက်စက်ကြမ်း ကြုတ်မှုများ မတရားဖိနှိပ်မှုများကြောင့် မလွှဲမရှောင်သာဘဲ တော်လှန်ရေး ဆင်နွှဲနေရခြင်းသာ ဖြစ် ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ဒေသ အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံမှ လူ မျိုးစုံပြည်သူများ စစ်တပ်၏ မတရားအနိုင်ကျင့်ခံနေရမှုကို စာနာနားလည်၍ ကူညီပံ့ပိုး ပေးခြင်းဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် ကြိုးစားသင့်ကြောင်း အကြံပြုတိုက်တွန်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *