International News

0 0
Read Time:4 Minute, 39 Second

TNLA ကို စစ်ဆင်ရေးရပ်တန့် ဖိအားပေးခြိမ်းခြောက်သည့်စာ မှန်ကန်ကြောင်း တရုတ်သံရုံးအတည်ပြု

 

D Day News

ဩဂုတ်လ ၃၁

 

TNLA ကို စစ်ဆင်ရေးရပ်တန့် ဖိအားပေးခြိမ်းခြောက်မှု မှန်ကန်ကြောင်း တရုတ်သံရုံးက အတည်ပြု ထုတ်ပြန်လိုက်သည်။

 

ဩဂုတ်လ ၂၉ ရက်နေ့စွဲဖြင့် တရုတ်ဘက်တွင် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မည်ဖြစ်ကြောင်း၊ မြန်မာတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် တိုက်ပွဲများကို ချက်ချင်းရပ်တန့်ကာ မြန်မာမြောက်ပိုင်းနှင့် တရုတ် -မြန်မာနယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွာမည်ဟု မျှော်လင့်ပါကြောင်း ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေး ကော်မတီက စာပေးပို့ထားကြောင်း သိရသည်။

 

ထို့အပြင် တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူ၊ အရပ်သားများနှင့်မြန်မာပြည်တွင်းရှိ တရုတ်ပြည် သား လုပ်ငန်းများနှင့်သက်ဆိုင်သော လုံခြုံမှုများကို အာမခံရန်ပေးရန်၊ တရုတ်ပြည်နယ်စပ် ဒေသ အေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသား အသက်ပစ္စည်းများစွာ လုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေးအပြုအမူကို  ပပျောက်အောင်ဆောင်ရွက်ရမည်၊ သို့မဟုတ်ပါက တရုတ်ဘက် သည်ကြောက်ရွှံ့ကျိုးနွံစွာ ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်လုပ်ဆောင်မည်ဖြစ်ပြီးဖြစ်ပေါ်လာ သည့် အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်သည်ဟု ခြိမ်းခြောက်ထား ကြောင်း သိရသည်။

အခြအနေကို ရှင်းရှင်းလင်းလင်း နားလည်ပြီး တရုတ်နိုင်ငံနျ့င်အတူ ငြိမ်းချမ်းရေးမြှင့်တင်ရန် ကြိုး ပမ်း ဆောင်ရွက်ကာ ကွဲမှုများကို ညှိနှိုင်းဖြေရှင်းရန်အတွက် မှန်ကန်သောလမ်းကြောင်းသို့ အမြန်ဆုံး ပြန်လာမည်ဟု မျှော်လင့်ပါသည်၊ ဤအခြေခံပေါ်တွင် တရုတ်ဘက်သည် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်၍ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး သင် တို့အတွက် သင့်လျော် တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ရရှိစေရန်၊ ကောင်းမွန်စွာ နေထိုင်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရန် ကူညီပေးမည်ဖြစ်သည်။ ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် တရုတ်ဘက်သည် စောင့်မျှော်ကြည့်ရှုရမည်ဖြစ်သည်ဟု  ရွှေလီမြို့ နိုင်ငံတော်လုံ ခြုံရေး ကော်မတီက ပေးပို့စာတွင် ဖော်ပြထားသည်။

 

အဆိုပါ ပေးပိုစာနှင့်ပတ်သက်၍ “AFP သတင်းဌာန သတင်းထောက်က – တရုတ်နိုင်ငံဟာ TNLA ကို မြန်မာ-တရုတ်နယ်စပ်ဒေသနဲ့ နီးစပ်တဲ့နေရာမှာ စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် သတိပေးတယ်လို့ မြန် မာ မီဒီယာအချို့မှာ သတင်းဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေးရပ် တန့် ရန် တောင်းဆိုမှုရှိ ၊ မရှိကို အတည်ပြုပေးနိုင်ပါသလား။ လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသ အခြေ အနေ ဘယ်လိုရှိပါသလဲ။” ဟု မေးမြန်းခဲ့ရာ –

 

Mr. Lin Jian က- “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိ ပက္ခ လှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန် လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာ ဖြစ်ပါ တယ်။” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *