War Crime News

0 0
Read Time:5 Minute, 54 Second

စစ်တပ်သည် ခေါင်းဖြတ်ခြင်း၊ လိင်အင်္ဂါဖြတ်တောက်ခြင်းစသည့် ရုပ်အလောင်းများကို လူမြင်ကွင်း၌ ပြသခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ထားဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား – IIMM ထုတ်ပြန်

 

D Day News

ဩဂုတ်လ ၃၀

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် ခေါင်းဖြတ်ခြင်း၊ လိင်္ဂါဖြတ်တောက်ခြင်းစသည့် ရုပ်အလာင်းများ ကို လူမြင်ကွင်း၌ ပြသခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုများကို ပိုမိုကျူးလွန် လာသည့် အထောက်အထားများရရှိထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး မှု ယန္တရား – IIMM က ထုတ်ပြန်ထားသည်။

 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက် နေ့အထိ ကာလအတွင်း ပြုစုရရှိထား သည့် အထောက်အထား၊ အချက်အလက်များကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး မှု ယန္တရား – IIMM ကထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာစစ်တပ်သည် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတဝှမ်း၌ စိုးရိမ်ဖွယ်နှုန်းဖြင့် ပိုမိုပြင်းထန်စွာ ကျူးလွန်နေသည့် အထောက်အထား အများအပြား ရရှိထားကြောင်း၊ ယင်းတို့အနက် စစ်ဘက်ဆိုင်ရာ ပစ်မှတ်မဟုတ် သော စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများနှင့် ဆေးရုံများကို လေကြောင်းမှ တိုက် ခိုက်မှုများ၊ ခေါင်းဖြတ်ခြင်း၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရုပ်အလောင်းများနှင့် လိင်အင်္ဂါဖြတ်ထား သည့် ရုပ်အလောင်းများကို လူမြင်ကွင်း၌ ပြသခြင်းအပါအဝင် လက်နက်ကိုင် ပဋိပက္ခအတွင်း ထိန်း သိမ်းခံရသူများ၏ ကိုယ်အင်္ဂါဖြတ်တောက်မှုများပါဝင်ကြောင်း သိရသည်။

 

“မြန်မာနိုင်ငံတဝှမ်းကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေ ကို ဖော်ပြနေတဲ့ အထောက်အထား အများအပြားကို ကျနော်တို့ စုဆောင်းထားပါတယ်။ အရပ်သား ပြည်သူတွေကို အပြစ်ပေးဖို့နဲ့ ကြောက်လန့်စေဖို့ရည်ရွယ်ပြီး ဒီရာဇဝတ်မှုတွေကို ကျူးလွန်တာ ဖြစ်ပါ တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး မှု ယန္တရား – IIMM အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က ပြောကြားသည်။

Photo – ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့က မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာနေပြည်သူများကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းကို ဆန့်ကျင်သည်ဟု သံသယရှိသူများကို မတရားဖမ်းဆီးချုပ် နှောင်ခြင်းနှင့် တရားမျှတမှုမရှိသော တရားစီရင်မှုများအပါအဝင် တရားမဝင် အကျဉ်းချခြင်းများကို လည်း  လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး မှု ယန္တရား – IIMM အနေဖြင့် စုံစမ်းဆေးနေကြောင်း သိရသည်။

 

ထောင်နှင့်ချီသော လူများဖမ်းဆီးခံရကာ အများအပြားသည် အကျဉ်းထောင်အတွင်း ညှင်းပန်း နှိပ် စက်ကာ သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း ၊ လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်းနှင့် အိပ်စက် မရအောင် လုပ်ခြင်း၊ ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ် စက်မှု များကို လည်း စနစ်တကျ ကျူးလွန်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ လိင်အင်္ဂါအစိတ်အပိုင်းများကို မီးရှို့ခြင်းနှင့် အခြားကြမ်းကြုတ် သော လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့် အထောက်အများရရှိထား ကာ သေဆုံးသူများသည် ကလေးငယ်များအပါအဝင် ဂျင်ဒါမရွေး၊ အသက်အရွယ် မရွေးအားလုံးပါဝင် ကြောင်း သိရသည်။

 

“ရာဇဝတ်မှုတွေအတွက် ဘယ်သူမှ ပြစ်ဒဏ်ပေးခံရခြင်း မရှိသေးပါဘူး။ ဒါဟာ ကျူးလွန်သူတွေကို ပိုတင့်ရဲစေပြီး တိုင်းပြည်အတွင်းမှာ ပြစ်ဒဏ်ကင်းလွတ်တဲ့ ယဉ်ကျေးမှုကို ပိုမို ခိုင်မြဲစေပါတယ်။ ဒီသံသရာကို အဆုံးသတ်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ယန္တရားက ဒီရာဇဝတ်မှုတွေ အတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို တရားစွဲဖို့ အမှုတည်ဆောက်ရာမှာ သိသာတဲ့ တိုးတက်မှုတွေရှိနေပါ တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး မှု ယန္တရား – IIMM အကြီးအကဲ နီကို လက်စ်ခွန်ဂျန်က ရှင်းပြသည်။

 

အစီရင်ခံစာပါ တွေ့ရှိချက်များသည် မျက်မြင်သေများ၏ ထွက်ဆိုချက် ၄၀၀ ကျော်အပါအဝင် သတင်းရင်းမြစ် ၉၀၀ ကျော်ထံမှ စုဆောင်းရရှိသော အချက်အလက်နှင့် အထောက်အထားများကို အခြေခံထားခြင်းဖြစ်ပြီး ယင်းတို့အနက် ဓာတ်ပုံများ၊ ဗွီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုလ်တုပုံရိပ်များ၊ ဆိုရှယ်မီဒီယာပို့စ်များနှင့် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထား ပါရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *