Thayarwaddy Jail News

0 0
Read Time:3 Minute, 21 Second

သာယာဝတီအကျဉ်းထောင်ပိုင်း ရဲရင့်နိုင်နှင့် ၂ ပွင့်အရာရှိဝန်ထမ်းကျော်ဇင်သက်တို့က ထောင် အတွင်း၌ ဟင်း၊ ကွမ်းယာစသည့်အစားအသောက်များ မဝယ်မနေရ ရောင်းချခြင်း၊ အကြောင်းအမျိုး မျိုးပြကာ ငွေကြေးကောက်ခံခြင်းဖြင့် စီးပွားရှာနေ

 

D Day News

ဩဂုတ်လ ၃၀

 

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ထဲတွင် သာယာဝတီအကျဉ်းထောင်ပိုင်း ရဲရင့်နိုင်နှင့် ၂ ပွင့် အရာရှိဝန်ထမ်း ကျော်ဇင်သက်တို့က ထောင်အတွင်း၌ ဟင်း၊ ကွမ်းယာစသည့်အစားအသောက်များ မဝယ်မနေရ ရောင်းချခြင်း၊ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက်ခံခြင်းဖြင့် စီးပွားရှာနေ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ယက် – PPNM ထံမှ သိရသည်။

 

သာယာဝတီထောင် ထောင်ပိုင် ရဲရင့်နိုင်မှာ ထောင်အတွင်းရောင်းသည့်ကွမ်းယာများကို တစ်ခန်း လျှင် အထုပ် ၃၀ နူန်းဖြင့် မယူမနေရ ရောင်းပြီး ကွမ်းယာထုတ်များ မကုန်လျှင် အာဏာ အလွဲသုံးစား လုပ်ကာ အပြစ်ပေးလေ့ရှိကြောင်း၊ သက်ဆိုင်ရာအခန်းများ အလိုက်ခွဲတမ်းဖြင့် မကုန်မချင်းရောင်းရ ပြီး ကွမ်းယာများ မကုန်လျှင် အပြင်ကွမ်း(ဝန်ထမ်းများမှ သယ်လာသောကွမ်းယာ) များကို စားသည် ဟုဆိုကာ တိုက်ပိတ်ခြင်း၊ ခြေကျင်းခတ်ခြင်းများ ပြုလုပ် အပြစ်ပေးလေ့ရှိကြောင်း သိရသည်။

ထောင်ပိုင် ရဲရင့်နိုင်သည် ထောင်ဝင်စာပစ္စည်းများပို့ခြင်းကို ကန့်သတ်ထားပြီး ထောင်ပိုင်မှ ရောင်းချ သော ဟင်းများကိုလည်း မဝယ်မနေရသဘောမျိုးဖြင့် ရောင်းချလေ့ရှိကြောင်း၊ အစားအသောက်ကြပ် တည်းပြီး ရှားပါးသော သာယာဝတီထောင်တွင် အကျဥ်းသားများအနေဖြင့် ထိုဟင်းများကို စျေးနှုန်း ကြီးမြင့်စွာ ဝယ်ယူစားသောက်နေရကြောင်း သိရသည်။

 

၎င်းအပြင် သာယာဝတီအကျဉ်းထောင်ဝန်ထမ်း ၂ ပွင့်အရာရှိ အဆောင်၂ အဆောင်မှူးကျော်ဇင်သက် သည် အကျဥ်းသားများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကောက်ယူလျက်ရှိကြောင်း ၊ လွန်ခဲ့သော ၂၀၂၄ ခုနှစ်၊ မေလကလည်း ၎င်း သင်တန်းတက်ရမည်ဟုဆိုကာ အကျဥ်းသားများထံမှ တစ်ခန်း လျှင် ၅ သောင်းနူန်းဖြင့် ငွေကြေးကောက်ယူခဲ့ကြောင်း သိရသည်။

 

ကျော်ဇင်သက်သည် သင်တန်းမှပြန်လည် ရောက်ရှိလာသောအခါတွင်လည်း ထောင်အတွင်း အကျဥ်း သားများအား ထောင်မှ ခိုင်းသည့်အလုပ် မလုပ်လိုလျင် ၎င်းထံသို့ တစ်ဦးလျှင် ငွေ တစ်သိန်းခွဲတောင်း ခံ ခဲ့ကာ အဆောင်မှူး တစ်ယောက်ပြောင်းလျှင် တစ်ကြိမ်ထပ်ပေးရကြောင်း သိရသည်။

 

ထို့အပြင်ထောင်မှ အကျဥ်းသားများအား သော့ခတ်ရန် သော့ခလောက် သံချေးများတက်နေလျှင် လည်း ထောင်ပိုက်ဆံ မသုံးပဲ အကျဥ်းသားများအား အတင်းဝယ်ယူခိုင်းလျက်ရှိ ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *