Thandaung News

0 0
Read Time:1 Minute, 53 Second

လိပ်သိုအခြေစိုက် ခမရ ၆၀၃ ဗဟိုကင်းစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရိက္ခာဂိုထောင် နှင့် မော်တော်ယာဉ် ဂိုထောင်တို့ ထိမှန်ပြီး ကား ၃ စီးမီးလောင်ပျက်စီး

 

D Day News

ဩဂုတ်လ ၃၀

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၆၀၃ ဗဟိုကင်းစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာဂိုထောင်နှင့် မော်တော်ယာဉ် ဂိုထောင်တို့ ထိမှန်ခဲ့ပြီး ကား ၃ စီးမီးလောင်ပျက်စီးခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသထံမှ သိရ သည်။

 

ဩဂုတ်လ ၈ ရက် ညနေ ၃ နာရီ ၄၄ မိနစ်အချိန်က သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေစိုက် အ ကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၆၀၃ ဗဟိုကင်းစခန်းကို ၁၁၄ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်၏ ရိက္ခာဂိုထောင်နှင့် မော်တော်ယာဉ် ဂိုထောင်တို့ကို ထိမှန်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ထိမှန်ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် ၃ စီး မီးလောင်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင် စီ တပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၅၀၂၊ တပ်မဟာ ၂ တပ်ရင်း၅ နှင့် အထူးတပ်ရင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *