Tanintharyi News

0 0
Read Time:3 Minute, 22 Second

တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာတွင် ၄ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်နှင့်ခဲယမ်းသိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၃၀

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာတွင် ၄ ရက်ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် တပ်က ဗိုလ်ကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ပြီး ၆၀ မမ စိန်ပြောင်း ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းမြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၁ ထံမှ သိရသည်။

 

ဩဂုတ်လ ၂၆ ရက်နေ့က တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ် ရင်းမှ ၆ မိုင်ကျေးရွာဘက်သို့ အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ နှစ်ဖက် ညှပ်ပိတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများက ၆ မိုင်ကျေးရွာအတွင်း အတင်းဝင်ရောက်သွားပြီး ပြည်သူ့နေအိမ်များကို ဖျက်ဆီးဝင်ရောက်ကာခုခံ ကာကွယ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့နေအိမ်မျာအတွင်း ဝင်ရောက်ခုခံနေသည့် အကြမ်းဖက်စစ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး ၊ လက်နက်ငယ်များအပြင် ဒရုန်းများပါအသုံးပြုပြီး ပိတ်ဆို့ချေ မှုန်းခဲ့ရာ နှစ်ဖက်အပြန်အလှန်အလှန်ပစ်ခတ်တိုက်ပွဲ ဩဂုတ်လ ၂၉ ရက်နေ့အထိ ၄ ရက်ကြာဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲ ၄ ရက်အတွင်း အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီး ၁ ဦးအပါဝင် ၇ ဦးသေဆုံးပြီး ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖက်ကလည်း ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ် ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများထံမှ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ RPG ဗုံးသီး ၄ လုံး၊ ပို့ယမ်း ၄ တောင့်၊ ကျည်ဘောက် ၃ ခု၊ အီနာကာ ဗုံး သီး ၁ လုံးနှင့် ဖုန်းတစ်လုံး သိမ်းယူရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ထုံတော်ရွာနှင့် ၆ မိုင်ရွာရှိ အပြစ်မဲ့ပြည်သူ ၈ ဦး ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး  ၆ ဦး ပြန်လည်လွတ်မြောက်လာသော်လည်းကျန် ၂ ဦးမှာ ယခုအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိပဲ ပျောက်ဆုံးနေကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ၊ စစ်ကြောင်း ၂ ၊ KNLA တပ်ရင်း ၁၁ ၊ KTLA စသည့်မြေပြင်တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ၊ ADF ဒရုန်း အဖွဲ့၊ Dragon Squadဒရုန်း အဖွဲ့ နှင့် မြိတ်ခရိုင်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *