Natogyi News

1 0
Read Time:2 Minute, 50 Second

နွားထိုးကြီးမြို့နယ်၊ ကုက္ကိုသီးရွာ ဘုန်းကြီးကျောင်း၌တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ဗိုလ်ကြီးဝေဖြိုးသူနှင့်တပ်သား ၁ ဦးတို့ကို လက်နက် ၇ လက်နှင့် အတူ ဖမ်းမိ

 

D Day News

ဩဂုတ်လ ၃၀

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုက္ကိုသီးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ဗိုလ်ပြီးဝေဖြိုးနှင့်တပ်သား လှဖြိုး အောင်တို့ကို လက်နက် ၇ လက်နှင့်အတူ အရှင်ဖမ်းမိခဲ့ကြေင်း ဒေသစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ နှင့်တစ်မိုင်ခန့်အကွာရှိ ကုက္ကိုသီးကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား များကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ဗိုလ် ကြီး ဝေဖြိုးသူနှင့်တပ်သား လှဖြိုးအောင်တို့ကို လက်နက် ၇ လက်နှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

“စခန်းမှာက ၁၀ ယောက် ၁၅ ယောက်လောက်ပဲရှိတဲ့စခန်းပါ၊ စခန်းသိမ်းနိုင်ခဲ့တယ်။ တိုက်ပွဲက ၁ နာရီ‌ လောက်ပဲကြာတာ။ စခန်းသိမ်းပြီးတော့ လေယာဉ်နဲ့ ဗုံးလာကျဲတယ်။ ဆူးရစ်ကုန်းရွာနဲ့ ကုက္ကို သီးရွာကို ဗုံးလာကျဲတာ၊ ဆူးရစ်ကုန်းရွာက ဘာမှ မဆိုင်ပဲနဲ့ ဗုံးကျဲခံရတာ၊ ဆူးရစ်ကုန်းရွာမှာက နေ အိမ်တစ်လုံးမီးလောင်တယ်လို့ပဲ သိရသေးတာ။ ကျန်တာ စုံစမ်းနေတုန်းပဲ” ဟု စစ်ရေးသတင်းရင်းမြစ် က ပြောကြားသည်။

 

ထိုသို့ စခန်းသိမ်းပိုက်ပြီးနောက် ၃ နာရီခန့်အကြာတွင် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် တံတားဦး လေဆိပ်မှ တက်လာသော လေယာဉ်ဖြင့် ဆူးရစ်ကုန်းကျေးရွာကို ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့သဖြင့် စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲဖြစ်ပွားရာကုက္ကိုသီးကျေးရွာ ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ကာ တံတားဦးလေဆိပ်သို့ လှည့်ပြန်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *