Kantbalu News

0 0
Read Time:1 Minute, 39 Second

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာစခန်းမှ ထွက်လာသော စစ်ကြောင်းကိုတ တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၃၀

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်း ဆည်းရရှိခဲ့ကြောင်းအမှတ် ၁ စစ်ဒေသကထံမှ သိရသည်။

 

ဩဂုတ်လ ၂၇ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာစခန်းမှ အင်အား ၂၅၀ ခန့်ဖြင့် ထွက်လာ သော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ချပ်ကြီးရွာတောင်ဘက် အရောက်ပြောက်ကျား ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ၂၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး၏ ရုပ်အလောင်းများနှင့်အတူ လက်နက်ငယ် ၃ လက်၊ ကျည် ၈၃၂ တောင့်၊ ကျည်အိမ် ၃ ခု၊ Equipment ၃ ခု၊ ယူနီဖောင်း ၃ စုံ၊ လက်ထိပ် ၃ ခု နှင့် ဓား ၁ ချောင်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂) နှင့် ဒေသခံ ပကဖ အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *