AA News

0 0
Read Time:4 Minute, 16 Second

မောင်တောမြို့တွင်း၌ ခုခံနေသော စစ်ကောင်စီတပ်သားများ နခခ ၅ အတွင်းသို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး၊ မောင်တောမြို့တွင်းမှ ပိတ်နေသည့် ပြည်သူ ၂ သောင်း ၆ ထောင်နီးပါးကို AA ကယ်ထုတ်နိုင်

 

  • သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်း မကျဆုံးစေရေး အကြမ်းဖက်စစ်တပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံနေ

 

D Day News

ဩဂုတ်လ ၃၀

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင်း၌ ခုခံနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် နခခ ၅ အတွင်းသို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေပြီး မောင်တောမြို့အတွင်း ပိတ်မိနေသော ပြည်သူ ၂ သောင်း ၆ ထောင်နီးပါးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် – AA က ထုတ်ပြန်သည်။

 

အာရက္ခတပ်တော်အနေဖြင့် မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် မောင်တောမြို့ အ တွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အဆင့်ဆင့်ခုခံတားဆီးထားသော နေရာများကို တစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်လျက်ရှိရာ မောင်တောမြို့အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီခုခံစစ်စခန်း နေရာ အများစုကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း၊ မောင်တောမြို့တွင်း၌ အကြမ်းဖက်စစ်ကောင်စီ တပ် သားများ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာဖြင့် အစုလိုက်၊ အစုလိုက် ကစဉ့်ကလျားထွက်ပြေးနေကြသ ဖြင့် AA တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိရာ မောင်တောမြိုတွင်းနေရာအချို့၌ ဆက်လက်တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

 

ဩဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ မောင်တောမြို့တွင်းနေရာ အနှံ့အပြား၌ အကြမ်းဖက်စစ် သား၊ ၎င်းတို့လက်အောက်ခံ အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများ၊ သုံပန်းများကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီနှင့် အပေါင်းအပါများသည် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန် ရှိ နေသော ၎င်းတို့၏ နခခ (၅) စခန်းအတွင်းသို့ ဆုတ်ခွာသွားပြီး ၎င်းစခန်းမှ လက်နက်ကြီး များအ ပြင် ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများအား အသုံးပြု တိုက်ခိုက်မှုကို ဩဂုတ်လ ၂၈ ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်း၊ထိုအပြင် မောင်တောမြို့အတွင်းမှ ဆုတ်ခွာထွက်ပြေးနေစဉ် အတွင်း၌လည်း ၎င်းတို့စခန်းချကာ ခုခံစစ်ဆင်နွှဲခဲ့သော တိုက်တာအဆောက်အဦးများကို မီးရှိဖျက်ဆီးခဲ့ကြောင်း သိ ရသည်။

 

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်လက်နက်ကိုင် များမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သား ပြည်သူလူထုများအား အာရက္ခတပ်တော်မှ တိုက်ပွဲများအတွင်း အရေအတွက် နှစ်သောင်းခြောက်ထောင်(၂၆၀၀၀) နီးပါးကို ကယ်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြိုနယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့ တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး အကြမ်းဖက်စစ်တပ်က မောင်ရွှေလေးရေတပ် မကျ ဆုံးစေရေးအတွက် စစ်ကူများ၊ လက်နက်အင်အား၊ ရေတပ်စစ်သင်္ဘောအရေအတွက်များကို ထပ်မံ ဖြည့်တင်းကာ ကြည်း၊ ရေ၊ လေပူးပေါင်း၍ အသည်းအသန်ခုခံလျက်ရှိကြောင်း သိရသည်။

 

ထို့သို့ ကြည်း၊ ရေ၊ လေပူးပေါင်းခုခံနေသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ် တော်မှ အဆက်မပြတ် ထိုးစစ်ဆင်တို က်ခိုက်လျက်ရှိရာ ကျိန္တလီ၊ ဂွ နှင့် အဆိုပါဒေသများနှင့် ဆက် စပ်နေသော နေရာများ၌ တိုက်ပွဲများပြင်းထန်နေကြောင်း AA က ထုတ်ပြန်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *