Yangon News

0 0
Read Time:1 Minute, 44 Second

တာမွေမြို့မရဲစခန်းကို ချီတာစစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၂၉

 

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေမြို့မရဲစခန်းကို ချီတာစစ်ဆင်ရေးအဖြစ် ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး သေဆုံးခဲ့ကြောင်း Cheetah Operation က ထုတ်ပြန်သည်။

 

ယမန်နေ့ ဩဂုတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်က အကြမ်းဖက်စစ်ခေါင်းဆောင်းများ အကျိုးစီးပွားကို ကာကွယ်ပေးနေပြီး ပြည်သူလူထုကို မတရားဖမ်းဆီးနှိပ်စက်အကျဉ်းချနေသည့် တာမွေမြို့မရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) က ချိတာ စစ်ဆင်ရေး – “Cheetah Operation” များထဲမှ တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အနေဖြင့် တစ်စုံ တစ်ရာ ထိခိုက်ခဲ့ခြင်း မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရဲစခန်းကို ရောက်ရှိလာပြီး စခန်း ပတ်ဝန်းကျင်ကို မိုးကာအစိမ်းများ ကာရံ၍ ပရဟိတ ကားများဖြင့် ရဲအလောင်းများကို သယ် ထုတ်သွားကြောင်း သိရသည်။

Photo – ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်က တာမွေရဲစခန်းရှေ့မြင်ကွင်း

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *