Magway News

0 0
Read Time:4 Minute, 32 Second

ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်တပ်၊ စစ်ယာဉ်တန်းနှင့် စစ်ကြောင်း တို့ကို တိုက် ခိုက်မှု ဗိုလ်ကြီး မျိုးကျော်သူ အပါအဝင် ၁၇ ဦးသေဆုံးပြီး စစ်ကား ၁ စီးပျက်စီး

 

D Day News

ဩဂုတ်လ ၂၉

 

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပေါ်တွင်အကြမ်းဖက်စစ်ကြောင်းနှင့် စစ် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ကပစ ၁၄ မှ ဗိုလ်ကြီးမျိုးကျော်သူအပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး စစ် ကားတစ်စီးပျက်စီးခဲ့ကြောင်း PRA Magway ထံမှသိရသည်။

 

ယနေ့ ဩဂုတ်လ ၂၉ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ပဒါန်းအခြေစိုက် အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် – မစခ ၉၀၅ တပ်ရင်းအတွင်းမှ အင်အား ၆၀ ခန့်စီးနင်းလိုက်ပါလာသည့် ဖောကား ၂ စီးကို ပဒါန်း -အမ်းလမ်းပိုင်း စပ်စီရွာအထက် မီတာ ၂၀၀၀ ခန့်အရောက် အသင့်စောင့် ကြိုမိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

“အမ်း နပခထဲကို အင်အားဖြည့်ဖို့သွားတယ်လို့ ယူဆပါတယ်၊ အရင်ကလည်း ဒီလိုမျိုး ယာဉ်တန်းရှိ တဲ့အခါမှာ လုံခြုံရေး ယူတာတို့၊ အမ်း နပခ နဲ့အင်အား အချိန်းအပြောင်း လုပ်တာတို့ ၊ အမ်း နပခထဲ ကို စစ်ကူပို့တာတို့ သူတို့လုပ်လေ့ရှိတယ်။” ဟု PRA Magway မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

ထို့သို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရ စစ်သားများကို ဖောကားဖြင့် သယ်ဆောင်ကာ ပဒါန်းဘက်သို့ ပြန်ဆင်းလာစဉ် စပ်စီရွာ၏ အထက်ဘက် မီတာ ၁၀၀၀ ခန့်အကွာအရောက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း ငဖဲမြို့နယ်အတွင်းရှိ ပြည်သူများကို မတရားစစ်မှုထမ်းခိုင်းရန် ဖမ်း ဆီးရေး တာဝန်ယူထားသူ ကပစ ၁၄ မှ ဗိုလ်ကြီးမျိုးကျော်သူ အပါအဝင် စစ်သား ၁၅ ဦးခန့်သေဆုံး ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။

 

“ပထမတိုက်ပွဲဖြစ်စဉ်မှာ သေဆုံးဒဏ်ရာရတဲ့သူတွေကို သယ်ဖို့ဆိုပြီး လူနာတင်ယာဉ်တွေနဲ့ လုံခြုံ ရေး ကား တစ်စီး တက်သွားတယ်ပေါ့၊ တက်သွားတဲ့အချိန်မှာ လွှတ်ပေးလိုက်ပြီးတော့ ပြန်ဆင်း လာတဲ့အချိန်မှာ လုံခြုံရေးကားကို တိုက်ခဲ့တာပါ။ လက်ရှိကတော့ စခ ကားတွေက သူတို့ရဲ့မူလ နေရာ မှာ ပဲ ရှိနေသေးတယ်။ အနီးအနားဝန်းကျင်ကို နယ်မြေရှင်းလင်းတာမျိုးလုပ်နေတာရှိတယ်။ နောက်တစ်ခုက ကားတစ်စီးက သုံးစားလို့မရအောင် ပျက်သွားတဲ့အခါကျတော့ အဲဒီဝန်းကျင်မှာပဲ ရှိနေသေးတယ်၊ နောက်ထပ် ကားတက်လာတာမျိုးတော့ မတွေ့ရသေးဘူး”  ဟု PRA Magway မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အလားတူ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆင်ရေးဖော်ဆောင် နေစဉ် စွန်ပျော်ရွာအတွင်းရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း PRA – Magway ထံမှ သိရသည်။

 

ဩဂုတ်လ ၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ငဖဲမြို့နယ်၊ စွန်ပျော်ရွာအတွင်းသို့ ရောက်ရှိ လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို PRA – Magway တပ်ဖွဲမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ဩဂုတ်လ ၁၁ ရက်နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီ၏ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကို PRA (Magway) ထုတ် 60 mm Rocket/ MH-60R (၁၀) လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

PRA (Magway) အနေဖြင့် မင်းဘူးခရိုင်အတွင်း အခြေပြုထားကာ နိုင်ငံနှင့်အဝှမ်းစစ်နယ်မြေ ကျယ်ပြန့်လာမှု နှင့် အတူ တပြေးညီ အကောင်အထည်ဖော်နိုင်ရန် တိုက်ပွဲဝင်လျက်ရှိပြီး စစ် အာ ဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *