International News

0 0
Read Time:8 Minute, 56 Second

အကြမ်းဖက်စစ်တပ်က ပြည်သူလူထုအပေါ် ဗုံးကြဲတိုက်ခိုက်ရာတွင် ATR လေယာဉ် ၁၀ စီးထက် မနည်းကို အသုံးပြုနေပြီး ယင်းလေယာဉ်များကို ဆက်လက်အသုံးမပြုနိုင်ရန်အတွက် အရေးယူပေး ရန် JFM တိုက်တွန်းတောင်းဆို

 

D Day News

ဩဂုတ်လ ၂၉

 

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ဗုံးကြဲတိုက်ခိုက်ရာတွင် ATR လေယာဉ် ၁၀ စီး ထက်မနည်းကို အသုံးပြုနေပြီး ယင်းလေယာဉ်များ ဆက်လက်အသုံးမပြုနိုင်စေရေးအတွက် အယူ ဆောင်ရွက်ပေးရန် Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်သည်။

 

၂၀၁၃ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) လေယာဉ် အနည်းဆုံး ၁၀ စီးကို မြန်မာစစ်အုပ်စုက ဝယ်ယူအသုံးပြုနိုင်ရန် ကူညီပေးခဲ့ကြသည့် ကမ္ဘာတဝန်းမှ ကုမ္ပဏီများ ပါဝင်သော ကွန်ရက်တစ်ခုကို ဖော်ထုတ်လိုက်ခြင်းဖြစ်ပြီး စစ်အုပ်စုက နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် ၎င်းတို့အသုံးပြုသည့် စစ်သည်များနှင့် စစ်လက်နက်များကို သယ်ဆောင်ရာတွင် လည်းကောင်း၊ ဝေဟင်ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက်လည်းကောင်း အဆို ပါ လေယာဉ်များကို အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။

 

“မြန်မာစစ်အုပ်စုက လူမျိုးတုန်း သတ် ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးအရေး ယူခံရခြင်း လုံးဝမရှိဘဲ ကျူးလွန်နေခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း မှာ၊ သူတို့အနေနဲ့ ATR လေယာဉ် တွေ၊ အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေကို လက်လှမ်းမှီ ရရှိနေနိုင်ခဲ့တာ က တော့ လက်ခံနိုင်ဖွယ်မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုက နိုင်ငံအနှံ့ ၎င်းတို့ကျူးလွန်နေတဲ့ အကြမ်း ဖက် စစ်ဆင်ရေးအတွက် စစ်သည်တွေနဲ့ စစ်လက်နက်တွေ သယ်ယူ ပို့ဆောင်ရာမှာ ဒီလေယာဉ်တွေ ကို အသုံးပြုနေတာဖြစ်ပြီး၊ ဒါဟာ အရပ်သားပြည်သူတွေအပေါ် ရည် ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပံ့ပိုးကူညီနေတာပဲဖြစ်ပါတယ်။ ATR နဲ့အခြား နိုင်ငံတကာကုမ္ပဏီတွေ အနေ နဲ့သူတို့ရဲ့ ထုတ်ကုန်တွေကို မြန်မာစစ်အုပ်စုက အသုံးပြုနေတာ ကာ ကွယ်ဖို့အတွက် လုံလောက်တဲ့ တင်ကြိုစိစစ်မှုတွေ မလုပ်ဆောင်ခဲ့ကြပါဘူး။ ဒါဟာ သူတို့ရဲ့ လူ့အခွင့် အရေးတာဝန် ဝတ္တရားတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ မြန်မာ စစ်အုပ်စုက ကလေးငယ်တွေ၊ စာ သင် ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ရပ်ရွာတွေအပေါ် အ ကြမ်းဖက် တိုက် ခိုက်ရာမှာ အားကိုး အားထားပြုနေတဲ့ ၁၀ စီးထက်မနည်းရှိတဲ့ ATR လေယာဉ် တွေကို ဆက်လက် အသုံးမပြုနိုင်အောင် အစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြား သည်။

နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနှင့် စီးပွားရေးလေကြောင်းလိုင်းများသည် မြန်မာစစ်အုပ်စုထံ ATR လေယာဉ်များ လွှဲပြောင်းရောင်းချခဲ့ကြောင်းနှင့် ရောင်းချမှုအချို့တွင် ဒဏ် ခတ် ပိတ်ဆို့ မှုများကို ရှောင်လွှဲရန်ကြိုးပမ်းသည့်အနေဖြင့် နောက်ဆုံးလက်ဝယ်အသုံးပြုသူကို ဖုံး ကွယ်ပေးထားမှုများ ရှိနေကြောင်း၊ မြန်မာနှင့် နိုင်ငံတကာကုမ္ပဏီများသည် လေယာဉ်အပိုပစ္စည်းများ ဝယ်ယူပေးခြင်း၊ ပြုပြင်ထိန်း သိမ်းရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့်လည်း စစ်အုပ်စုကို ကူညီခဲ့ ကြောင်း သိရသည်။

 

ပြင်သစ်နိုင်ငံရှိ ATR နှင့် Sabena Technics၊ ဩစတြီးယားနိုင်ငံရှိ Axis Flight Simulation Systems တို့အပါအဝင် ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီများသည် လေယာဉ်၏အဓိကအစိတ်အပိုင်းများ ပြုပြင် ပေးခြင်း၊ အရေးပါသည့် စက်ပစ္စည်းအစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ ရောင်းချပေးခြင်း၊ ATR လေယာဉ်များ မောင်းနှင်နိုင်ရန် မြန်မာစစ်ကောင်စီလေတပ်မှ လေသူရဲများအား သင်တန်းပေးခြင်း တို့ဖြင့် စစ်အုပ်စုက ATR လေယာဉ်များကို ဆက်လက်အသုံးပြုနေနိုင်အောင် ကူညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ ကန့်သတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်အသက်ဝင်ပြီး၊ ပိုမိုအား ကောင်း လာသည့် အချိန်ပိုင်းဖြစ်သော ၂၀၁၈ ခုနှစ်အတွင်း အဆိုပါရောင်းချမှုများကို လုပ်ဆောင်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

 

အလားတူ စင်ကာပူနိုင်ငံအတွင်းရှိ ကုမ္ပဏီများသည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တွင်လည်း အရေးပါသည့် စက်ပစ္စည်းများနှင့် အပိုပစ္စည်းများ ရောင်းချပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ATR လေယာဉ်များ ဆက်လက်အသုံးပြုနိုင်အောင် ကူညီခဲ့ကြောင်း၊ ပြည်တွင်းရှိ ခရိုနီကုမ္ပဏီဖြစ် သော 24 Hour Group ပိုင်ဆိုင်သည့် Air KBZ (ယခု Mingalar Aviation)ကလည်း စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ စစ်ကောင်စီလေတပ်အတွက် ATR လေယာဉ် ၂ စီး ဝယ်ယူ လွှဲ ပြောင်း ရာတွင်လည်းကောင်း၊ စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group သည် ဗီယက်နမ် လေကြောင်းလိုင်းများမှ နောက်ထပ် ATR လေယာဉ် နှစ်စီးဝယ်ယူရာတွင် ၎င်း၏ အမည်ကို အသုံးပြုဝယ်ယူစေခဲ့ရာတွင် လည်းကောင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သိရှိရ သည်။

 

Air KBZ သည် အရပ်ဘက်လေကြောင်းပြေးဆွဲရန်အတွက် အနည်းဆုံး ATR လေယာဉ် ၂ စီးကို စစ် အုပ်စုထံမှ ငှားရမ်းအသုံးပြုခဲ့ပြီး၊ စစ်အုပ်စုအတွက် ဝင်ငွေအရင်းအမြစ်တစ်ခု ပေးအပ်ခဲ့ကြောင်း၊ စစ် အုပ်စုဆက်နွယ်ခရိုနီစီးပွားရေးလုပ်ငန်းစု KT Group ကလည်း စစ်တပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူရာတွင် ၎င်းတို့၏ British Virgin Islands ကုမ္ပဏီခွဲ MWG Limited မှတဆင့် ကြားခံပွဲစား အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အခြား ATR လေယာဉ်များကို ခရိုနီစီးပွားရေးလုပ်ငန်းစု ထူးကုမ္ပဏီအုပ်စုက ဝယ်ယူပေးခဲ့ခြင်း ဖြစ် ပြီး၊ ထူးကုမ္ပဏီအုပ်စုသည် လေတပ်၏ အနည်းဆုံး ATR လေယာဉ် ၆ စီး အတွက် ပြုပြင်ထိန်းသိမ်း ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ မြန်မာ့လေတပ်နှင့် ယင်း၏ပွဲစားများက အပိုပစ္စည်းများနှင့် လဲလှယ်ရမည့် စက်ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူရရှိနေမှု၊ လေယာဉ်အမှုထမ်း နှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများ ရရှိနေမှု၊ လေတပ်၏ ATR လေယာဉ်များ ဆက်လက် ပျံသန်းနိုင်ရေးအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ရရှိနေမှုတို့ကို အရေးတကြီး ပိတ်ပင်ရန် နိုင်ငံတကာအစိုးရများကို Justice For Myanmar က တောင်းဆိုလိုက်သည်။

 

24 Hour Group၊ KT Group၊ Gateway Group နှင့် Htoo Group တို့အပါအဝင် စစ်တပ်၏ ATR လေယာဥ်အုပ်အတွက် ပံ့ပိုးကူညီနေသည့် မြန်မာကုမ္ပဏီအားလုံးအပေါ် ပစ်မှတ်ထား၊ စုပေါင်း ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့လုပ်ဆောင်သင့်ကြောင်း၊ ယခင်နှင့် ယခုကာလအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ချိုးဖောက်မှုများအတွက် လက်ရှိ ချမှတ်ထားသော အရေးယူဆောင်ရွက်မှုဆိုင်ရာ အစီအမံများကို အားကောင်းစေရန် အသက်သွင်း သင့်ကြောင်း၊နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာစစ်လက်နက်ပွဲစားများ၊ မြန်မာစစ်အုပ်စုအား ပံ့ပိုးကူညီ ထားသည့် အရပ်ဘက်လေကြောင်းကုမ္ပဏီများနှင့် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း အားလုံး ရပ်ဆိုင်းသင့်ကြောင်း JFM က ထောက်ပြထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *