Than Phyu Zayat News

0 0
Read Time:2 Minute, 8 Second

သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးနှင့် ဝဲတော်သင်္ချိုင်းကြား၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၂၈

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာနှင့် ဝဲတော်သင်္ချိုင်းကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၆ ရက် မွန်းတည့် ၁၂ နာရီ ၅ မိနစ်မှ ၁၂ နာရီ ၁၅ မိနစ်အထိ သံဖြူဇရပ်မြို့ နယ်၊ သက်ကော့ကျေးရွာဘက်မှ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး အတွင်းစခန်းကြီးရွာ နှင့် ဝဲတော်သင်္ချိုင်းကြားသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်သားများကို ကြားဖြတ်၍ ပြောက် ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“အင်အားကတော့ ၆၀ လောက်ရှိမယ်ထင်တယ်၊ အဲဘက်က လူနေအိမ်တွေ အများကြီးဆိုတော့ ကျနော်တို့အနေနဲ့က ပြောက်ကျားလောက်ပဲ ရှင်းတဲ့နေရာလေးမှာ ရအောင်ပစ်ခတ်ခဲ့ရတာ။ အခုအထိ အဲဒီစစ်ကြောင်းက အဲဒီနားဝန်းကျင်မှာပဲ ရှိနေသေးတယ်။ လက်ရှိအထိတော့ ထပ်တိုး တယ်မကြားမိသေးဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တာမို့ ခရီးသွားမိဘပြည်သူတွေအနေနဲ့ ဂရု စိုက်ကြဖို့နဲ့ နယ်မြေခံမိဘပြည်သူတွေအနေနဲ့ ရွာအပြင် စစ်ကောင်စီရဲ့ အနီးပတ်ဝန်းကျင်မှာ မနေကြဖို့ မေတ္တာရပ်ခံချပါတယ်” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် KNLA တပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အခက်ခဲမရှိ၊ ထိခိုက်မှုမရှိပဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *