Pyi News

0 0
Read Time:3 Minute, 8 Second

ပြည်နှင့်အောင်လံမြို့နယ်ကြား ဝိုင်းချောင်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ပဲခူးအနောက် ဒကစ မှူး အပါအဝင် အရာရှိ ၆ ဦးနှင့် စစ်သား၄၅ ဦးခန့် သေဆုံး၊ ယင်တို့ထဲ၌ စစ်ကောင်စီတပ်သားအချင်း ချင်း မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံး သူများ ပါဝင်

 

D Day News

ဩဂုတ်လ ၂၈

 

ပဲခူးတိုင်း၊ အောင်လံမြို့နယ်နှင့် ပြည်မြို့နယ်အစပ် ဝိုင်းချောင်းရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ် ကောင်စီတပ်မှ ပဲခူးအနောက် ဒကစမှူးအပါအဝင် ၆ ဦးနှင့် တပ်သား ၄၅ ဦးခန့်သေဆုံးပြီး ထိုသို့ သေဆုံးသူများတွင် စစ်ကောင်စီတပ်သား အချင်း ချင်းမှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသူများ ပါဝင်ကြောင်း နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ် ကြောင်း ထံမှ သိရသည်။

 

ဩဂုတ်လ ၂၂ ရက်နေ့က အောင်လံမြို့နယ်နှင့် ပြည်မြို့နယ်အစပ် ဝက်ထီးကန်မြို့နှင့် ၇ မိုင်ခန့်အ ကွာ ရှိ ဝိုင်းကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းကြောင်းထိုးခဲ့ရာ ဝိုင်းချောင်း ကျေးရွာအဝင်အရောက် နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း ၂ စစ်ကြောင်းမှူး စောဒေး ဗစ် ဦးဆောင်သော အဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အထိနာကာ ပြည်မြို့ရှိ ဒကစမှ ဖောကားများ ဖြင့် အင်အား ၆၀ ခန့်စစ်ကူပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ ပို့ဆောင်လိုက်သည့် စစ်ကူများနှင့်လည်း ထပ် မံတိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ပဲခူးတိုင်းအနောက်ပိုင်းစစ်ဒေသကွပ်ကဲရေးမှူးနှင့် အတူ အရာရှိ ၄ ဦး၊ ဝက်ထီးကန်ရဲကင်းစခန်းမှူး၊ ကပစ ၁၉ မှ အရာရှိ ၁ ဦးနှင့်အ ကြမ်း ဖက်စစ်သား၊ ရဲ ၄၅ ဦး ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုသို့ သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်း ချင်း မှားယွင်းပစ်ခတ်မိသည့်အတွက် သေဆုံးသူ ၃ ဦးရှိကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း နယ်စည်းမခြားဖရီးဒမ်း ဖက်ဒရယ်ဗဟိုစစ်ကြောင်းက ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ပွဲအတွင်း သေဆုံးသွားသော အမှတ် ၁၀ ရဲတပ်ရင်းမှ ရဲ ၁၇ ဦး၏ ရုပ်အလောင်းများကို ဩဂုတ်လ ၂၆ ရက်မွန်းလွဲပိုင်းက ပြည်မြို့အေးငြိမ်ရာ သုဿန်တွင်လည်းကောင်း၊ ဩဂုတ်လ ၂၄ ရက်နေ့က ပြည်မြို့အခြေစိုက် ဒေသကွက်ကဲမှု စစ်ဌာနချုပ် – ဒကစ မှ အသက် ၃၂ နှစ်အရွယ် ဗိုလ် ကြီးအာကာမင်းရုပ်အလောင်းကို အေးငြိမ်းရာသုဿန်၌လည်းကောင်း မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *