NUG News

0 0
Read Time:7 Minute, 30 Second

စစ်အုပ်စုကို အမြန်နိဂုံးချုပ်နိုင်ရန် တော်လှန်ရေးအင်အားစုများအားလုံးက စုစုစည်းစည်းဖြင့် အသင့် အနေအထား ပြင်ဆင်ထားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် သတိပေး

 

D Day News

ဩဂုတ်လ ၂၈

 

မင်းအောင်လှိုင်ဦးဆောင်သောအကြမ်းဖက်စစ်အုပ်စု အမြန်နိဂုံးချုပ်နိုင်ရန် တော်လှန်ရေး အင်အားစု များ အားလုံးက အသင့်အနေအထား ပြင်ဆင်ထားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သတိပေးလိုက်သည်။

 

ယမန်နေ့ ဩဂုတ်လ ၂၇ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ ၏ ၂၄/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားကာ သတိပေးလိုက်ခြင်း ဖြစ်သည်။

 

“ပထမဦးစွာ ပြောကြားလိုတာကတော့ တော်လှန် ရေးရဲ့ လက်ရှိ အခြေအနေအရ ကျွန်တော်တို့ အစိုးရ အနေနဲ့ တစ်ပြိုင်နက် လုပ်ကိုင်ဆောင်ရွက် စရာတွေ အင်မတန်များနေတဲ့ အနေအထားကို တွေ့နေရပါတယ်။ စစ်ရေးကဏ္ဍကတော့ မဟာမိတ် တပ်တွေနဲ့ ကျွန်‌တော်တို့ PDF တွေရဲ့ ပူးပေါင်း အားတွေနဲ့အတူ ပြည်သူတွေရဲ့ ထောက်ခံအားတွေ ကြောင့် ဆက်လက် အောင်ပွဲတွေ ဆင်နိုင်နေအုံး မယ့် အခြေအနေ ဖြစ်ပါတယ်။ စစ်ရေးအရှိန်မြှင့် တင်မှုတွေနဲ့ အတူ တစ်ဘက်က နိုင်ငံရေးအခြေ အနေ တွေကလည်း ကဏ္ဍစုံက တိုးတက်မှုတွေ ရှိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အခြေအနေလို့ ပြောရင် နိုင်ငံခြားရေး၊ သံတမန်ရေး အခြေအနေတွေကအစ၊တော်လှန်ရေးအင်အား စု အသီးသီးနဲ့ စုစည်းပြင်ဆင်မှု အခြေ အနေ တွေ အပါအဝင် အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍတွေပါ မကျန် အားလုံးပါဝင်နေတာဖြစ်ပါတယ်။ တော်လှန်ရေးကို ဦးဆောင်နေကြသူတွေအနေနဲ့ နိုင်ငံရေးကဏ္ဍ ဘက်မှာ လက်ရှိကာလ ဖြစ်နိုင်ချေ တွေကို ရှုထောင့်ပေါင်းစုံက စဥ်းစားပြီး စုပေါင်းပြင်ဆင်ရမှာတွေ ရှိပါတယ်။ အထူးသဖြင့် ထွက်ပေါက်မရှိသလောက်ဖြစ်နေပြီး သမိုင်းတစ်လျှောက်အဆိုးဆုံး စစ်ရေး ရှုံးနိမ့် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ပြည်သူကို ချနင်းတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို သူတို့နဲ့ အတူ အဆုံးစွန်ထိ ဆွဲချသွားချင်နေပုံ ရပါတယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေး အင်အား စု တွေ အနေနဲ့ အထူးသတိထား စောင့်ကြည့်သင့်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင် ဆောင်ရွက်ကြရ မှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက အကြမ်းဖက်စစ်ကောင်စီသည် အသက် ၃၅ နှစ်အထိ မဖြစ်မနေ စစ်မှု ထမ်းရန် အတင်းအဓမ္မ ဥပဒေ ထုတ်ပြန်ခဲ့ကြောင်း၊ ယခုအခါ ပြည်သူ့လုံခြုံရေးနှင့် ဗဟိုကြီးကြပ်ရေး အဖွဲ့ ဆိုသည့် ခေါင်းစဉ်ဖြင့် အသက် ၃၅ နှစ်မှ ၆၅ နှစ်အရွယ်အထိ ပြည်သူအမျိုးသားများကို ရက်တို စစ်သင်တန်းပေးကာ စစ်မှုထမ်းခိုင်းရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

“ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းတုန်းက အသက် ၃၅ နှစ် အထိ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေ တစ်ခု ကို ထုတ်ပြန်ခဲ့ပြီး လူငယ်လူရွယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခဲ့တဲ့ အကြမ်းဖက် စစ်အုပ် စု ဟာ အခုဆိုရင် “ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်အဖွဲ့” ဆိုတာကို ဖွဲ့ စည်းပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိ အရပ်သားအမျိုးသားတွေကို ရက်တို စစ် သင် တန်းတက်ခိုင်းပြီး ရပ်ကွက်နဲ့ ကျေးရွာတွေက ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့တွေမှာ မဖြစ်မနေပါ ဝင်ခိုင်းဖို့ စီစဥ်ဆောင်ရွက်လာပြန်ပါ တယ်။ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေနဲ့အတူ အထွေထွေ အကြပ် အတည်းကို မွန်းကြပ်စွာ ရင်ဆိုင် နေရတဲ့ ပြည်သူတွေကို ဒုက္ခတွေ အထပ်ထပ်ပေးနိုင်ဖို့ အချိန်နဲ့အမျှ စဥ်းစားနေတဲ့ ဒီစစ်အုပ်စု ကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ကျွန်တော်တို့ ပြည်သူ တွေ အသက်ဝဝ ပြန်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။ ” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဆက်လက် ပြောကြားသည်။

 

ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု မြန်မြန်နိဂုံးချုပ်နိုင်ရန် အချိန်နှင့်တပြေးညီ လုပ်ဆောင်သင့်သည့် ကိစ္စများကိုလုပ်ဆောင်ထားကြရန် သတိပေးထားသည်။

 

“ဒါ့ကြောင့် ကျွန်‌တော်တို့ အစိုးရအနေနဲ့လည်း လုပ်ဆောင်သင့်တဲ့ကိစ္စ တွေကိုအချိန်နဲ့ တပြေးညီ လုပ်‌ဆောင်ကြဖို့ အရေးကြီးပါတယ်။ စစ်အုပ်စုကို အမြန်နိဂုံးချုပ်နိုင် ဖို့ဆိုတာ ကျွန်တော်တို့ တော် လှန်ရေးအင်အားစုတွေအားလုံးက စုစုစည်းစည်းနဲ့ အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်ထားကြ ရမှာ ဖြစ်ပါတယ်။ အချင်းချင်းကြားမှာ ယုံကြည်မှုတွေတိုးပွားပြီး အလုပ်တွေ တူတူလက်တွဲလုပ်ရင်း နဲ့ ကျွန်တော်တို့ ပုံဖော်ချင်တဲ့ အနာဂတ်ကိုလည်း အတူစဥ်းစား နိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အရ ဆိုရင် ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဘုံသဘော ထားရပ် တည်ချက်ကိုအခြေပြုပြီး ဆက် လက်ဆောင်ရွက်စရာတွေကိုလည်း အားစိုက်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြားထဲမှာ အတူလုပ်ရမှာတွေရှိသလို ဒီသဘောထားရပ်တည်ချက်ကို တော်လှန်ရေး အင်အားစုတွေ အားလုံး လက်ခံပြီး အတူတကွ ညီညီညာညာသွားကြမယ့် ပန်းတိုင်ဟာ ဒါပဲ ဆိုတာကို သေချာအောင်လုပ် ကြရမယ့် အချိန်ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် နောက်ဆုံးထွက်ပေါက်အဖြစ် လာမည့်နှစ်တွင် အတုအယောင်ရွေး ကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်လာမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုထောက်ခံပေးသွားမည့် နိုင်ငံ အချို့လည်းရှိနေကြောင်း သိရသည်။

 

“ရှေ့နှစ်အတွင်းမှာဆိုရင် စစ်အုပ်စုက နောက်ဆုံးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲ ကို မဖြစ်မနေ လုပ်လာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံအားပေးသွားမယ် ဆိုတဲ့ နိုင်ငံတစ်ချို့လည်း ရှိနေတာကြောင့် သူတို့ကလည်း ရတဲ့နည်း နဲ့ လုပ်ဆောင်လာမှာပဲ ဖြစ်ပါ တယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သေသေချာချာ ထည့်သွင်း စဥ်းစားပြီး တစ်ဘက်က စစ်ရှိန်မြှင့်နိုင် သမျှ မြှင့်ပြီး တစ်ဘက်ကလည်း နိုင်ငံရေးအရ ပြင်ဆင် ထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” ဟု ပြည် ထောင်စု ဝန်ကြီးချုပ်က ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *