Myaung News

0 0
Read Time:3 Minute, 30 Second

မြောင်၊ ကျောက်ရစ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး လေကြောင်းပစ်ကူ ကြောင့် စခန်းမသိမ်းနိုင်ပဲ ပြန်ဆုတ်ခဲ့ရ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၈

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး လေကြောင်းပစ်ကူရောက်ရှိလာသဖြင့် စခန်းသိမ်းနိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောာင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF ထံမှ သိရသည်။

 

ဩဂုတ်လ ၂၃ ရက် နံနက် ၈ နာရီခန့်စ၍ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ အကြမ်းဖက် စစ် ကောင်စီ၏ နယ် မြေရဲစခန်းကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့်အတူ တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက စစ်ကြောင်း ၃ ကြောင်းခွဲပြီး လက်နက်ကြီး ၊ လက်နက်ငယ် ၊ Multi Wings ၊ Shar Htoo WAW နည်းပညာတိုက်ခိုက်ရေး Fixed Wings Drone များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့်အထိကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲစတင်ချိန်မှစ၍ ရေစကြိုမြို့ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် မွန်းတည့် ၁၂ နာရီအချိန် စခန်းသိမ်းပိုက်မိ ရန် အနည်းငယ်အလို၌ တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ကူပေးဗုံးကျဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦးအပြင်းအထန်ဒဏ်ရာ အပါအဝင် ၁၃ ဦးဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“ရှေ့က ဘန်ကာတွေလည်း ပြိုကုန်ပြီ၊ ဘန်ကာထဲပစ်နေတဲ့ သူတွေလည်း နောက်ပြန် ဆုတ်ပြေး သွားတာ၊ မြင်နေရတယ်။ စခန်းသိမ်းပိုက်ခါနီးမှ လေယာဉ်က ရောက်လာတာ။ လေယာဉ်မလာရင် အဲဒီစခန်းရပြီ။ သေတဲ့သူတွေကို ညမှောင်ရီတဲ့အချိန်မှာ ၄ လောင်းတစ်ခါမြှုပ်တယ်၊ နောက်တစ်ခါ ၃ လောင်းတစ်ခါမြှုပ်တယ်။ ဆိုက်တွဲနဲ့သယ်ပြီး တိတ်တဆိပ်မြေမြှုပ်သင်္ဂြိုလ်လိုက်တာ။ လူမသိ သူမသိ ညမှ ခိုးမြှုပ်တာ။ အခုဆိုရင် ကျောက်ရစ်ထဲကို ပြည်သူတွေ အဝင်မခံတော့ဘူး၊ နင်းမိုင်းတွေ လည်းပတ်ပတ်လည်ထောင်ထားတယ်” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ လွင်ဂူးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF စစ်ကြောင်းမှ မြင်းခြံခရိုင် အမှတ် ၃ တပ် ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း ၊ Sagaing District Drone Force (SDDF) ၊ မြောင်ကျေးရွာတပ်ပေါင်းစု ၊ သွေးသောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မိတ္ထီလာ ခရိုင် အမှတ် ၂ တပ်ရင်း ၊ CDSOMမြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စင်္ကြာ စစ်ကြောင်း၊ MRF (စားဖို) စစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *