Laung Lone News

0 0
Read Time:3 Minute, 11 Second

လောင်းလုံးမြို့နယ်တွင် လမ်းကင်း လုံခြုံရေး ယူနေသည့် စစ်သားများကိုတိုက်ခိုက်မှု ၂ ဦး သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၂၈

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လမ်းကင်း လုံခြုံရေးယူနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဗထူးတပ်မတော် (BHA) ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၇ မိနစ် တွင် လောင်းလုံးမြို့နယ် ၊ သောကြာပြင်ကျေး ရွာနှင့် ခလရ ၁ဝ၄ တပ်ရင်း အကြား လမ်းပိုင်း၌ ခလရ ၁၀၄ တပ်ရင်းမှ ကျောင်းကား အသွားအပြန် အတွက် လမ်းကင်း လုံခြုံရေးယူပေးရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် သေဆုံးစစ်သားများထံမှ MA-1 သေနတ် ၁ လက် ၊ MA-2 သေနတ် ၁ လက် ၊ 5.56 ကျည် (၃၇ဝ) တောင့် ၊ ကျည်ဘောက် (၈) ခု ၊ 40mm ဗုံးသီး (၃) လုံး ၊ လက်ပစ်ဗုံး (၁) လုံး ၊ အီနာဂါ ဗုံးသီး (၃) လုံး ၊ စကားပြောစက် (၁) လုံး ၊ လက်ကိုင်ဖုန်း (၁) လုံး နှင့် စစ်အသုံး အ ဆောင် ပစ္စည်းတစ်ချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗထူးတပ်မတော် – BHA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအ ချိန်တွင် စစ်ရေးအရှိန်မြှင့်ကာ အမြစ်ပြတ် တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ရေး အသိ၊သတိ ဖြင့် သွားလာနေထိုင် ကြရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ တရားဝင် အ သိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား လေးစားလိုက်နာကြရန် ထုတ်ပြန်ထားသည်။

 

ထို့အပြင် အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ နိုင်ငံ၏ နေရာဒေသအသီးသီးတွင် အဓိက ထားအသုံးပြု တိုက်ခိုက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် လေကြောင်း တိုက်ခိုက်မှု အန္တရာယ် ကာကွယ်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် အလေးအနက်ထပ်မံ တိုက်တွန်းထားသည်။

 

အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်း များစွာဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန် ဆုံး ခိုလှုံဝင်ရောက်ကြပါရန် ဆက်လက်တိုက်တွန်းဖိတ်ခေါ်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *