TNLA News

0 0
Read Time:6 Minute, 52 Second

TNLA က ၎င်းတို့သိမ်းပိုက်ထားသော မြို့နယ်များကို ကောင်းမွန်သည့် အုပ်ချုပ်ရေး လည်ပတ်နိုင်ရန် CDM ဝန်ထမ်းများကို ဖိတ်ခေါ်ပြီး ညှိနှိုင်းဆောင်ရွက်သွားမည်

 

  • ၂၀၂၅ ခုနှစ်တွင် TNLA က ထိန်းချုပ်ထားသောမြို့နယ်များကို ကြားကာလတော်လှန်ရေးအစိုးရ အဖြစ် အရပ်သားများနှင့် ပူးတွဲ အုပ်ချုပ်သွားမည်

 

D Day News

ဩဂုတ်လ ၂၇

 

TNLA က ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားသောမြို့နယ်များကို ကောင်းမွန်သည့် အုပ်ချုပ်ရေးလည် ပတ်နိုင်ရန် CDM ဝန်ထမ်းများကို ဖိတ်ခေါ်ပြီး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားသည်။

 

ဩဂုတ်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်သည့် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်စသည့်မြို့များကို ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် နှင့် ဗဟို အထွေထွေအုပ်ချုပ် ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့အဖွဲ့မှ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

 

ယင်းခရီးစဉ်အတွင်း သိမ်းပိုက်ရရှိထားသည့် တပ်စခန်းနှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေး ရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက် လေ့လာခဲ့ပြီး မိုးကုတ်မြိုနှင့် မိုးမိတ် မြို့ တို့တွင် အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ရေးအတွက် မြိုနေပြည်သူလူ ထုနှင့်ပါ တွေ့ဆုံ ရှင်းလင်းခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၇ ရက်နေ့ မိုးမိတ်မြို၌ ရပ်ကွက်ကျေးရွာ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ PSLF/TNLA အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ် တားဘုန်းကျော်က မြို့သိမ်းတိုက်ပွဲဆင်နွဲရသည့်အကြောင်း၊ PSLF/TNLA ရဲ့တော်လှန်ရေး လုပ်ငန်း ရည်ရွယ်ချက်နှင့် အဖွဲ့အစည်း၏ မူပေါ်လစီများကို ရှင်းလင်းတင်ပြပြီးနောက် မိုးမိတ်မြို့ နယ်အတွင်း ပြန်လည်တည်ငြိမ်ရေးနှင့် ဒေသတွင်း အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

 

ထိုသို့ အပြန်အလှန်ဆွေးနွေးရာ၌ ပြည်သူလူထုများ၏ အခြေခံဝန်ဆောင်မှုဖြစ်သည့် ပညာရေး၊ ကျန်း မာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးတို အမြန်ဆုံး ရရှိရေးအတွက် ဆောင်ရွက်လိုကြောင်း နှင့် လိုအပ်နေသည့် ကျွမ်းကျင်ဝန်ထမ်းများကို မြိုနယ်အတွင်းရှိ CDM ဝန်ထမ်းများအား ဖိတ်ခေါ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိင်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့ကြောင်း သိရသည်။

 

ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ်တားဂူဇာရ်ကလည်း မြို့တွင်းအုပ်ချုပ်ရေးလုပ်ငန်း နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ မိဘပြည်သူများ နှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် လူမျိုးစုကိုယ်စားလှယ်များ ရပ်ကွက်အုပ်ချုပ်ရေးကိုယ်စား လှယ်များ အုပ်ချုပ်ရေးလုပ်ငန်းအား အကြံပြုချက်များပေးပြီး သိလိုသည့် အကြောင်းအရာများကို လည်း မေးမြန်ခဲ့ကြပြီး မိုးမိတ်မြိုနယ်၌ စစ်ကောင်စီ စိုးမိုးအုပ်ချုပ်စဉ်က မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူ များပြားကာ အရေးယူမှုလုပ်ငန်းများဆောင်ရွက်ပေးရန် တွေ့ဆုံပွဲ၌ တက်ရောက်လာသည့် ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြကြောင်း သိရသည်။

 

တဆက်တည်းမှာပင် သြဂုတ်လ (၁၈) ရက်နေ့၌ မိုးကုတ်မြို့နယ်မှ မိဘပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်က တော်လှန်ရေးရည်ရွယ်ချက်နှင့် အဖွဲအစည်း၏ မူပေါ်လစီအား ရှင်းလင်း တင် ပြပြီး မြို့တွင်း စည်ပင်သာယာရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး၊ တစ်နိုင်တပိုင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနှင့် ရိက္ခာများ လွယ်ကူစွာ သယ်ယူနိုင်ရေးတို့ကိုလည်း အဆင်ပြေချောမွေ့စေရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်တာဘုန်းကျော်မှ ပြောခဲ့သည်။

 

ဗဟိုအထွေထွေအုပ်ချူပ်ရေးဌာနမှူး ဗိုလ်မှူးချူပ် တားဂူးဇာရ်က မြိုတွင်း အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများနှင့် ပူးပေါင်းပါဝင်ကြရန် တွေ့ဆုံပွဲ၌ တက်ရောက်လာသည့် မြို့မိမြို့ဖများအား တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။

 

လတ်တလော ကာလအတွက် အုပ်ချုပ်ရေးလုပ်ငန်းများကို PSLF/TNLAမှ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၌ ကြားကာလ တော်လှန်ရေးအစိုးရ၊ PSLF/TNLA နှင့် အရပ်သားများ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောခဲ့ကြောင်း သိရသည်။

 

လူထုတွေ့ဆုံပွဲအပြင် ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အဖွဲဝင်များက ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့ တွင်ရှိသည့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား ဌာန အလိုက် တွေ့ဆုံကာ လုပ်ငန်းများအတွက် အကြံပြုချက်များ၊ လမ်းညွှန်မှုများအား တွေ့ဆုံ ညွှန်ကြား ခဲ့ကြောင်း သိရသည်။

 

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)သည် ဇွန်လ (၂၅)ရက်က ပြန်လည်စတင်ပြီး တအာင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် TNLA မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသည့် မြို့နယ်များ ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *