Myinmu News

0 0
Read Time:5 Minute, 8 Second

မြင်းမူမြို့နယ်၊တောချောင်းဦးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲ၊ စီးနင်းတိုက်ခိုက်မှု စစ်သား၊ ရဲ ၂၀ ဦး ကျော် သေဆုံး

 

D Day News

ဩဂုတ်လ ၂၇

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောင်ချောင်းဦးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲပြီး စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၂၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း မြင်းမူမြို့နယ် ပကဖ ထံမှ သိရသည်။

 

ဩဂုတ်လ ၂၁ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က မြင်းမူမြို့နယ်၊ တောချောင်းဦးအကြမ်းဖက်စစ် တပ်အထိုင်စခန်းကို ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၁၈ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေ ဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဘန်ကာ ၂ ခုပြိုကျကာ ဆက်သွယ်ရေး စက် အထိုင် ၁ တစ်ခု၊ လိုင်းခန်း ၁ ခု ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၂ ရက် နေ့တွင် ယင်းအကြမ်းဖက်စစ်တပ်စခန်းအား ဒရုန်း ၂ စင်းဖြင့် ဗုံသီး ၁၈ လုံ ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးအပြင်းအထန် ဒဏ်ရာအပါအဝင် အများအပြား ဒဏ် ရာရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၁၉ လုံး၊ ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် ဗုံးသီး ၁၆ လုံး၊ ဩဂုတ်လ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်တွင် ဗုံးသီး ၁၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင် တောချောင်းဦးစစ်တပ်ဂိတ်အထိုင်စခန်းရှိ အကြမ်းဖက် စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ည ၁၂ နာရီ အ ချိန်တွင်လည်း ဒရုန်းဖြင့် ဗုံးသီး ၁၆ လုံး၊ ဩဂုတ်လ ၂၅ ရက် နေ့တွင် ဗုံးသီး ၃၆ လုံး ကြဲချတိုက်ခိုက်ခဲ့ ပြီး မွန်းတည့် ၁၂ နာရီအချိန်တွင် တောချောင်းဦးစခန်းအတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ စီးနင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်း သေဆုံးကာ အများ အပြားဒဏ်ရာရရှိပြီး ပကဖတိုက်နယ်တာဝန်ခံ ၁ ဦး ကျည်ထိမှန်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ ကြောင်း၊ မွန်းလွဲ ၁ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် စစ်ကူ ရောက်ရှိလာပြီး ဗုံးသီး ၆ လုံးကြဲချကာ ရော့ကတ်ဖြင့် အချက် ၄၀ ခန့် ပစ်ခတ်ခဲ့သဖြင့် စခန်းသိမ်း နိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

“ကျနော်တို့မျက်မြင်က ၃ ဦးပါ စခန်းထဲက အဆောက်အအုံတွေလည်းထိခိုက်ပျက်စီးမှုများပြား တယ်၊ သေဆုံးသွားတဲ့ စခတွေက ၂၀ လောက်ရှိတယ်လို့ သတင်းရထားတယ်၊ တိုက်ပွဲထဲမှာ ဒရုန်း ဗုံးသီး အလုံးရေ ၁၄၂ လုံး၊ ရော့ကတ်လက်နက်ကြီး ၃ လုံးနဲ့ ၄၀ မမတွေ အများအပြား အသုံးပြုခဲ့ရ ပါတယ်” ဟု

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ်ပကဖမှ ဦးဆောင်ပြီး မြို့နယ်ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့၊ မြို့ နယ်ပကဖဒရုန်းတပ်ဖွဲ့ ၊ Black Eagle Defence Force (MMU)၊ Black Eagle Drone Force ၊ မြင်းမူ မြို့နယ်ပလဖ ၊ စစ်ကိုင်းမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ စစ်ကိုင်းမြို့နယ် ပကဖဒရုန်းတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်ရင်း(၂)ခွဲ(၁) ၊ ဖယ်ဒရယ်၀င်းဒရုန်းတပ်ဖွဲ့(စစ်ကိုင်း) ၊ Young Woulf ဒရုန်းတပ်ဖွဲ့ (ကျား မင်းကြီး) ၊ Young Woulf တိုက်ခိုက်ရေးတပ်ဖွဲ့ (ကျားမင်းကြီး) ၊ Wing Of KSE ၊ TGYR (ငါန်းဇွန်) နှင့် စစ်ကိုင်းခရိုင် ပကဖ ထုတ်လုပ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဩဂုတ်လ ၂၅ ရက်နေ့တွင် မုံရွာမြို့ နမခ တပ်ရင်းအတွင်းမှ သံပြား ကာ ကား ၃ စီးဖြင့် နတ်ရေကန်ကျေးရွာသို့ အင်အား ပို့ဆောင်ကာ ဩဂုတ်လ ၂၆ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်အထိုင်စခန်းမှတဆင့် မြင်းမူမြို့နယ်၊ တောချောင်ဦးအထိုင်စခန်းသို့ ခြေလျင်စစ်ကြောင်းထိုးကာ အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်ခြေလျင်စစ်ကြောင်းသည် အင်အား ၁၀၀ ခန့်ရှိကြောင်း၊ ညနေပိုင်းတွင် မြင်းမူမြို့နယ် ပကဖတပ်ဖွဲ့မှ ဒရုန်းဖြင့် တောချောင်းဦး ရဲစခန်းကို ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ ဩဂုတ်လ ၂၇ ရက် ည ၇ နာခန့်တွင်လည်း မြို့နယ် ပ.က.ဖ ဦးစီးအဖွဲ့မှ ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *