Thabeik Kyin News

0 0
Read Time:3 Minute, 32 Second

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲအတွင်း စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ် ၃ ခု၏ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ၁ ဒုဗိုလ်မှူးကြီး စိုးမင်းသူကို အရှင်ဖမ်းမိ၊ သပိတ်ကျင်းမြို့ကို PDF တပ်ဖွဲ့က အောင်မြင် စွာ ထိန်းချုပ်နိုင်

 

D Day News

ဩဂုတ်လ ၂၆

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ် ၃ ခု၏ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ၁ ဒုဗိုလ်မှူး ကြီး စိုးမင်းသူကို အရှင်ဖမ်းမိကာ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်ပကဖ တို့ က အပြည့်အဝသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

 

ဩဂုတ်လ ၁၇ ရက်နေ့စတင်၍ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ ဩဂုတ်လ ၁၉ ရက်နေ့တွင် မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ကျန် အကြမ်းဖက်စစ်သားများက မြို့ဦးတောင် စေတီသို့ ဆုတ်ခွာပြီး ခုခံကာကွယ်နေသဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၅ နေ့တွင် အပြီး သတ်တိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင်အမှတ် (၁) တပ် ရင်း၊ ပြင်ဦးလွင်ခရိုင်အမှတ် (၂) တပ်ရင်း၊ အမှတ် (၅၀၉) တပ်ရင်း၊ အမှတ် (၅၁၀) တပ်ရင်း၊ အမှတ် (၅၁၂) တပ်ရင်း၊ မန္တလေးခရိုင်အမှတ် (၅) တပ်ရင်း၊ မန္တလေးတိုင်းဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်း ပက‌ဖ၊ အမှတ် (၁) ရွှေဘိုဒရုန်း နှင့် ကန့်ဘလူခရိုင်ပကဖအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၆၃) လက်၊ မော်တာ (၅) လက်၊ ကျည်မျိုးစုံ (၁၈၆၆၉) တောင့်၊ RPG-7 ဒုံးသီး (၃၆) လုံး၊ RPG-7 ပို့ကျည် (၃၁) တောင့်၊ ၆၀ မမ (ပြောင်းရှည်) မော်တာ ဗုံးသီး (၃၁) လုံး၊ ၆၀ မမ (ပြောင်းတို) မော်တာ ဗုံးသီး (၁၁) လုံး၊ ဂျန်မာ စက် (၃) လုံး၊ စစ်မြေပြင် ဆက်သွယ်ရေးစက် (၁) ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

ထို့အပြင် စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် မြို့နယ် (၃) ခု ၏ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စိုးမင်းသူကို အရှင် ဖမ်းဆီးနိုင်ခဲ့ကာ နိုင်ငံတကာစစ်ဥပဒေများနှင့်အညီ ကောင်း မွန်စွာ ထိန်းသိမ်းထားရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ် ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများနှင့်ပကဖ အဖွဲ့များက မြို့ကို အောင် မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *