Shwe Bo News

0 0
Read Time:1 Minute, 51 Second

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

ဩဂုတ်လ ၂၆

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ ကြောင်း BIA ဒီပဲယင်း LDF တပ်ဖွဲ့မှ ထံမှ သိရသည်

 

ဩဂုတ်လ ၂၄ ရက် နေ့လည်ပိုင်းက ရွှေဘိုမြို့နယ် ၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို Fixed Wing Drone ၃ စင်း ၊ Federal Wings ၁ စင်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီးကျေးရွာ အတွင်းရှိ အကြမ်းဖက်စစ်သားများ နေထိုင်ရာ နေရာများကို တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့၊ ကြောင်ရိုင်း (ရွှေဘို) ပကဖ အဖွဲ့ ၊ ဇေယျသွေး Zay Yar Thawed (ရွှေဘို) (LPDF) အဖွဲ့ ၊ မဟာရာရွှေဘိုသား (ရွှေဘို) ၊ ကိုလူချော (အရာတော်) LPDF အဖွဲ့ နှင့် အခြားနယ်မြေခံမဟာမိတ်များအားလုံး စုစည်းပြီး စည်းစည်းလုံးလုံး ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

B.I.A (ဒီပဲယင်း) LDF အဖွဲ့အနေဖြင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်လျက်ရှိပြီး Fixed Wings Drone ၁ စင်းလျှင် ၂၈ သိန်းခန့်၊ ဗုံးသီး ၁ လုံးလျှင် ၃ သောင်းကျပ်ခန့် ကုန်ကျစရိတ်ရှိသဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ရေး မိဘပြည်သူများက ဝိုင်းဝန်း ကူညီထောက်ပံ့ပေးပါကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *