Karenni News

0 0
Read Time:5 Minute, 20 Second

ငယ်ငယ်ကတည်းက ရဲတပ်ဖွဲ့ဝင်များကို ရွှံ့ရှာမုန်းတီးခဲ့ပြီး KSP ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လူထု အခြေပြု စံပြရဲတပ်ဖွဲ့ဝင်များ ဖြစ်စေရေး ကြိုးပမ်းကြရန် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ဒုက္ကဌ ခွန်းဘီထူး တိုက်တွန်းပြောဆို

 

D Day News

ဩဂုတ်လ ၂၆

 

ငယ်ငယ်ကတည်းက ရဲတပ်ဖွဲ့ဝင်များကို ရွံ့ရှာမုန်းတီးခဲ့ပြီး KSP ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လူထု အခြေပြု စံပြရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး ကြိုးပမ်းကြရန် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ဒုက္ကဌခွန်းဘီထူးက တိုက်တွန်းပြောကြားသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၅ ရက်န့တွင် ကျရောက်သည့် ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) တည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျနော်ငယ်ငယ်ကတည်းက အခုအချိန်ထိ ရဲများကို ရွံမုန်းခဲ့တယ်။ ယခင်ရဲများဟာ အကတိ လိုက် စားကြတယ်။ ဥပေဒကို လက်တလုံးခြားလုပ်ကြတယ်။ ယခင်ရဲများဟာ စစ်အာဏာရှင် တည်မြဲရေး အတွက် စနစ်ဆုံးလေ အခွင့်အရေးယူလေ ဆိုတဲ့ရဲများ ဖြစ်တယ်လို မြင်ခဲ့တယ်။ သို့သော် ကရင်နီ ပြည်နယ်ရဲများကို ဖွဲ့စည်းတဲ့အချိန် လူထုများအားလုံးက ကြိုဆိုဝိုင်းရံကြတယ်။ ရဲများနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး မကောင်းမှုကျူးလွန်သူများကို နှိမ်နင်းကြတယ်။ ရဲများအတွက် အသုံးစာရိတ်နဲ့ စား စရာ တွေကို ပြည်သူများက ဝေမျှကြတယ်။ ရဲများအားလုံး လစာမရှိ အသုံးအဆောင် အကာ အကွယ် နည်းပါးတဲ့ကြားက ကြိုးစားရပ်တည်နေကြတယ်။ ဒါတွေဟာ အင်မတန်ကောင်းမွန် အခြေခံကျတဲ့ ရဲတည်ဆောက်မှုကို တွေ့ရတဲ့အတွက် အလွန်ဝမ်းသာ ဖြစ်ရပါတယ်။” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ဒုက္ကဌခွန်းဘီထူးက တိုက်တွန်းပြောကြားသည်။

ကရင်နီပြည် ရဲတပ်ဖွဲ့-KSP အနေဖြင့် ဒီမိုကရက်တစ် ရဲ ဖြစ်ရေး၊ လူထုအခြေပြု ရဲ ဖြစ်ရေး၊ တရား ဥပဒေ စိုးမိုးရေးစံများအားလုံးကို ဆက်လက်စွဲကိုင် ကြိုးပမ်းကြရန်၊ (၃) နှစ်ပြည့်ချိန် KSP အင်အား (၁၀၀၀) ဖြစ်လာရန်၊ KSP တွင် ကရင်နီပြည်နယ်အတွင်း အရေးကြီးနေရာများ၊ မြို့ရွာများ လုံခြုံရေး ကို စတင်ယူနိုင်ရန် ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

 

KSP (၃) နှစ်တာ ကာလအတွင်း ဦးဆောင်သူများကို ဂုဏ်ပြုကျေးဇူးတင်ကြောင်း၊ ခေါင်းဆောင် ကောင်းသာ မဟုတ်ခဲ့ပါက ယခုကဲ့သို့ အင်အားကောင်းသည့် ပြည်သူ့ဝန်ဆောင်မှုဌာန ဖြစ်လာစရာ မရှိကြောင်း၊ CDM ပြုလုပ်ခဲ့သည့် ရဲများကို ကျေးဇူးတင်သလို ဆက်လက်ကြိုးစားပြီး စံပြရဲများအဖြစ် ရပ်တည်ပေးစေလိုကြောင်း၊ ပြည်သူ့ရဲများ၏ သမိုင်းသစ်ကို CDM ရဲများနှင့် KSP ခေါင်းဆောင်းများ ဆက်လက်ရေးသွင်းကြရန် ပြည်သူများကိုယ်စား တောင်းဆိုပါကြောင်း

 

“ရဲများက ကြွေးကြော်ခဲ့တဲ့ “May I help you” အတုအယောင်ဆောင်ပုဒ်အစား “let build our society with rule of laws” လို့ ပြည်သူများနှင့်အတူ ရဲများ ကြွေးကြော်ကြရအောင်။ ရဲဝန်ထမ်းများ အားလုံးကို အလေးပြုတယ်။ ဂုဏ်ယူတယ်။ အားကိုးတယ်။ KSP ရည်မှန်းချက်အောင်မြင်ဖို့ အတူ ကြိုး စားကြရအောင်လို့ တိုက်တွန်းပါတယ်။” ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီ ဒုဥက္ကဌ ခွန်းဘီထူးက ပြောဆိုသည်။

 

မြန်မာနိုင်ငံ၏ အဓိကစိန်ခေါ်မှုသည် အာဏာရှင်စနစ်ဖြစ်သော်လည်း ဒုတိယအကြီးဆုံး စိန်ခေါ်မူ သည် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အတိတ်ကာလကို ကြည့်ပါက ဥပဒေများစွာဟာ မျှတမှု၊ လွမ်းခြုံမှု ကင်းမဲ့ခဲ့သလို လူထုနှင့် အသင်းအဖွဲ့များစွာသည် ဥပဒေများနှင့် လူ့တန်ဖိုးများထက် ကျော်လွန်ပြီး ရပ်တည်ရန်ကြိုးစားခဲ့ကြသဖြင့်  ပြည်သူများစွာသည် တရား ဥပဒေ စိုးမိုးမှုကို တန်ဖိုးမထားခြင်းဖြစ်သည်ဟု ဆိုသည်။

 

ကရင်နီပြည်နယ်အတွင်း၌ အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်းအဓိက လုပ်ဆောင်နေသော်လည်း အနာဂတ် ကာလတွင် တရားဥပဒေစိုးမိုးရေးက အဓိကကျကြောင်း၊ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ က အရေးကြီးသည့် တာဝန်ဝတ္တရားကို လုပ်ဆောင်နေသလို ရဲများဟာ ဒုတိယအရေးကြီးသည့် တရားဥပဒေ စိုးမိုးရေး တာဝန်ဝတ္တရားကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အရေတော်ပုံပြီးသွားပါက ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု တပြိုင်တည်း ရယူကြရန် လိုအပ်ကြောင်း ကရင်နီပြည် ကြား ကာလ အုပ်ချုပ် ရေးကောင်စီ ဒုဥက္ကဌ ခွန်းဘီထူးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *