Homalin News

0 0
Read Time:3 Minute, 39 Second

ဟုမ္မလင်မြို့နယ်၊ လောင်းမင်းနှင့်ဆပ်ကယားရွာ တိုက်ပွဲတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး

 

D Day News

ဩဂုတ်လ ၂၆

 

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လောင်းမင်းရွာနှင့် ဆပ်ကယားရွာတိုက်ပွဲတို့တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကာ PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

 

ဩဂုတ်လ ၂၁ ရက် နေ့က ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ အထက်ပိုင်းရှိ လောင်းမင်းရွာ ဆိပ် ကမ်းသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့မှ စုန်ဆင်းလာသော ခမရ-၃၀၉၊ SNA၊ ပျူစော ထီး အင်အား (၁၀၀) ကျော်ပါ ဖလက်ခွံ ၁ စီးနှင့် စစ်သင်္ဘော ၂ စီးဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက် လာခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၄ ရက်‌နေ့တွင်လည်း လောင်းမင်းရွာ၌ တပ်စွဲထားသော ခမရ-၃၀၉၊ SNA တပ်မဟာ (၇၅၃၊ ၈၉၁)၊ ပျူစောထီး အင်အား ၁၀၀ ကျော်နှင့် တီလောင်ရွာမှ သင်္ဘောဖြင့် ထပ်မံ အင်အားဖြည့် ရောက်ရှိလာသော ကသည်းတပ်ဖွဲ့ အင်အား ၇၀ ခန့်အား ခန္တီးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ် ရင်း ၂၊ တပ်ရင်း ၈ ၊ မော်လိုက်ခရိုင် တပ်ရင်း-၃ နှင့် တိုက်နယ်လေး ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက် ခိုက်ခဲ့ရာ လောင်းမင်းရွာကို  ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီ ခမရ-၃၀၉ မှ ဗက ပြည့်ဖြိုးအောင်နှင့် ဗက စိုးရန်ပိုင် တို့ တီ လောင်ရွာ၌ အခြေပြုနေကာ ဦးစီး ညွှန်ကြားလျက်ရှိခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်နေရာသို့ Mi-2 ဖြင့် ၂ ကြိမ် ဗုံးအလုံး ၃၀ ခန့်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းရရှိပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရ၍ SNA ၅ ဦး ဖမ်းဆီးရမိကာ လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၁၈၄ တောင့်၊ ဗုံးသီး ၆ လုံးနှင့် ကျည်အိမ် ၂၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည် သူ ၁ ဦး ထိမှန်သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး လည်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

 

ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း ဟုမ္မလင်းမြို့နယ်၊ ဆပ်ကယားရွာသို့ အကြမ်းဖက်စစ်သား ၊ SNA နှင့် ကသည်းတပ်ဖွဲ့ ပူးပေါင်း အင်အား ၅၀ ခန့် ထိုးစစ်ဆင်လာသဖြင့် ခန္တီးခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၃ ၊ အထူးလှုပ်ရှား တပ်ရင်း ၈ နှင့် တပ်ရင်း ၉ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့၏ ခေါင်းဖြတ်သတ်ဖြတ်ခြင်းခံလိုက်ရကြောင်း အမှတ် ၁ စစ်ဒေသက ထုတ် ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *