S&C News

0 0
Read Time:1 Minute, 41 Second

စစ်ပြေးနေရသည့် အကြိမ်ပေါင်း ၁၀၀ ကျော်ရှိဟု အညာဒေသနေ အဖိုး တစ်ဦး ပြောပြ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၅

 

အကြမ်းဖက်စစ်တပ်၏ ရိုင်းစိုင်းယုတ်မာမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် အကြိမ် ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း အညာဒေသ စစ်ဘေးရှောင် အဘိုးအို တစ်ဦးက ရှင်းပြသည်။

 

အညာဒေသ စစ်ရှောင်များ၏ မှတ်တမ်းတွင် အာဏာသိမ်းပြီးချိန်မှစ၍ ၃ နှစ်ကျော်အတွင်း အညာ ဒေသရှိ စစ်ရှောင် အကြိမ်ရေ ၁၀၀ ကျော် ဝါရင့် စစ်ရှောင် အဖိုး တစ်ဦး၏ ပြောပြချက်များကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ပြန်လည်မျှဝေပေးချက်တွင် အဖိုးအိုက ရှင်းပြထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပြည်သူလူထု အမြောက်အများ နေထိုင်ရေး၊ စားသောက်ရေး၊ အဝတ်အစားအသုံးအဆောင်ကအစ အခက်အခဲပေါင်းများစွာဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

သို့သော်လည်း အညာစစ်ဘေးသင့် မီးဘေးသင့်ပြည်သူများ နေထိုင်ရသည့် ဘဝသည် မည်မျှပင် ခက် ခဲနေပါစေ တော်လှန်ရေးစိတ်ဓာတ်နှင့် အာဏာရှင်ကို မုန်းတီးစိတ်၊ တော်လှန်ရေးစိတ်များ ဆက်ရှိ နေဆဲဖြစ်ကြောင်း S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *