Sagaing News

0 0
Read Time:2 Minute, 42 Second

စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေ ဆုံး၊ စစ်တပ်အနီးရှိဘုန်းကြီးကျောင်းနှင့်နေအိမ်များကို ဖောက်ထွင်းပြီး ပြည်သူ ၂ ဦးကို PDF ဟု စွပ်စွဲကာ သတ်ဖြတ် (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၅

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရား၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၂၂ ရက် နံနက် ၉ နာရီခန့်က စတင်၍ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မြသိန်းတန်ဘုရား ၌ တပ်ဆွဲပြီး ခရီးသွားပြည်သူများနှင့် ဧည့်သည်များကို ငွေညှစ်တောင်းခံနေသော အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့ကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စတပ်စွဲတဲ့နေ့ကလည်းတိုက်ခိုက်ခဲ့သေးတယ်။ အခုက ဝင်သိမ်းကြတာ၊ မနက် ၉ နာရီကနေ တနေ ကုန်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရပါတယ်။ ဘုရားရှေ့ဘန်ကာ ဂိတ် စခန်းသိမ်းပိုက်နိုင်ခဲ့ ပေ မယ့် မြသိန်းတန်ဘုရားပေါ်ကနေ အကာအကွယ်ယူပြီး ပစ်ခတ်နေလို့ မသိမ်းနိုင်ပဲ ပြန်ဆုတ်ခဲ့ရပါ တယ်။ အခုအင်အားတွေလည်း ထပ်ဖြည့်ထားတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ ၊ တောဒေါင်းနီ ၊ People Servent Force ဗိုလ် ကျားကြီး ဝက်လက်၊ Acid Local Defend Force (ဝက်လက်) ၊ နဂါးနီ ၊ Royal Falcon Guerrilla Force ၊ Phoenix SGG နှင့် People Defend Force Mingun တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့်အထိနာသွားသော အကြမ်းဖက်စစ်အုပ်စုသည်အနီးရှိ ဘုန်းကြီးကျောင်း များနှင့်နေအိမ်များအတွင်းမှ ပစ္စည်းများကို ဖောက်ထွင်းခိုယူကာ စစ်ဘေးရှောင်ပြည်သူ ၂ ဦး ကို လည်း PDF ဟုစွပ်စွဲကာ သဖြတ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *