Myingyan News

0 0
Read Time:4 Minute, 0 Second

မြင်းခြံမြို့၏တောင်ဘက်ရှိ တောင်ရှေ့ဂိတ်(နန်းမြင့်ဂိတ်)သို့ထွက်လာသည့် မြင်းခြံပျူ ခေါင်းဆောင် သီတာယုမွန်အဖွဲ့အား စောင့်ကြိုတိုက်ခိုက်မှု အထိအခိုက်များပြားကာ ကားတစ်စီး ပစ်ထားခဲ့ပြီး ထွက်ပြေး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၅

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့၏ တောင်ဘက်ရှိ တောင်ရှေ့ဂိတ်(နန်းမြင့်ဂိတ်)ဘက်သို့ ထွက် လာသော မြင်းခြံပျူခေါင်းဆောင် သီတာယုမွန်ခေါင်းဆောင်သည့်အဖွဲ့အား တိုက်ခိုက်ခဲ့ရာ အထိအ ခိုက်များပြားကာ ကားတစ်စီးပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီ တာယုမွန်ခေါင်းဆောင်၍ မြင်းခြံမြို့၏တောင်ဘက်ရှိ တောင်ရှေ့ဂိတ်(နန်းမြင့်ဂိတ်)ဘက်ကို သံပြား ကာ ကား ၂ စီး၊ ဖိုးဝှီးကား ၆ စီးဖြင့် ဖြင့်ထွက်လာသောအကြမ်းဖက်စစ်သား၊ ပျူစောထီးများကို Myingyan Black Tiger (MBT)တပ်ဖွဲနှင့် ညီနောင်မဟာမိတ်များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်းအပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် အကြာဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်သား၊ ပျူစောထီးများ အထိအခိုက်များစွာရရှိကာ ၎င်းတို့ စီးနင်းလိုက်ပါလာသော သံပြားကာ ကား ၁ စီးကို ပစ်ထားကာ ထွက်ပြေးသွားကြောင်း၊ ပစ်ခတ်ခဲ့သည့် သံပြားကာ ကားကို သိမ်းယူရန် ကြိုးစားစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းပစ်ကူရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“သေဆုံးထိခိုက်တော့မသိရသေးဘူး။ စုံစမ်းလို့မရဘူးဖြစ်နေတာ၊ အထိကတော့တော်တော်နာသွား တာသေချာတယ်၊ ကားတောင်ထားပြီး ပြေးသွားတာ မှုန်နေတာပဲ၊ ပြီးတော့ ဂျက်ဖိုက်တာပါ တက် လာတာ။ ပစ်သွားတာမျိုးတော့မရှိဘူး။ ကားကို သွားတက်ယူရင်တော့ ပစ်လောက်တယ်။ အဲဒါ ကြောင့် သွားပြီး မယူခဲ့လိုက်တာ၊ ကျနော်တို့ MBT တပ်ဖွဲ့အနေနဲ့ မြင်းခြံမြို့နယ်ထဲမှ မဟုတ်ဘူး။ မည်သည့်တိုင်း၊ မည်သည့်မြို့နယ်မဆို စစ်ရေးအရှိန်အဆင်ပြေရင် ပြေသလို လုပ်သွားမှာဖြစ်တယ်။ အခုချိန်အထိ အခက်အခဲကြားကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့မိဘပြည်သူတွေကို အထူး ကျေးဇူးတင်တယ်။ အလေးလည်းပြုပါတယ်။ မကြာမီရရှိလာတော့မည့် အောင်မြင်မှုတွေအတွက် လည်း နိုင်တဲ့ဘက်က ဆက်လက်ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်းနှင့်အတူ မြင်းခြံခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂ နှင့် စွန်ရဲပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

 

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)သည် ဆက်လက် အရှိန်မြှင့်တင်ရန် ရှိနေပါသောကြောင့် မိဘ ပြည်သူများအနေဖြင့်လည်း မြင်းခြံ-နွားထိုးကြီး-တောင်သာ လမ်းပိုင်းအားမလိုအပ်လျှင် သွားလာခြင်း မပြုလုပ်ပါရန်နှင့်မဖြစ်မနေသွားလာရမည်ဆိုပါက မှန်ချမောင်းနှင်ပေးကြပါရန် MBTတပ်ဖွဲ့မှ အထူး မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *