Indaw News

0 0
Read Time:3 Minute, 57 Second

အင်းတော်မြို့ရဲစခန်း၊ နဘားလမ်းဆုံ၊ နဘားရွာဘုန်းကြီးကျောင်းနေရာ စစ်တပ်စခန်းများကို သိမ်းပိုက်ရရှိ ၊ အင်းတော်မြို့မရဲစခန်းအချူပ်ခန်းအတွင်းမှ အချုပ်သား ၁၆ ဦးထက်မနည်းကို ကယ်ထုတ်နိုင်

 

D Day News

ဩဂုတ်လ ၂၅

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မရဲစခန်း၊ နဘားလမ်းဆုံ၊ နဘားရွာဘုန်းကြီးကျောင်းရှိအကြမ်းဖက် စစ်တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး အင်းတော်မြို့မရဲစခန်းအချုပ်ခန်းအတွင်းမှ အကျဉ်းသား ၁၆ ဦးထက်မနည်းကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

 

ဩဂုတ်လ ၁၆ ရက်နေ့က စ၍ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ ရာ အင်းတော်မြို့မရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်သားနှင့်ရဲများအားလုံး အင်းတော်မြို့အခြေစိုက် စစ်တပ်အတွင်းသို့ ပြောင်းရွှေ့သွားသဖြင့် ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက အင်းတော် မြို့မရဲစခန်းအတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ ရာက အချုပ်သားများကိုတွေ့ရှိပြီး ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – မော်လူးနယ်မြို့နယ်မြေရဲစခန်း (ပုံဟောင်း)

“တိုက်ပွဲက ၁၆ ရက်နေ့ကတည်းက စတာ၊ စတဲ့နေ့ကတည်းကပဲ အင်းတော်ရဲစခန်းမှာရှိတဲ့ ရဲနဲ့စစ် သားတွေက အင်းတော်စစ်တပ်ကုန်းကို ရွှေ့သွားတာ၊ အဲလိုရွှေ့သွားလို့ မနေ့က မနက်ပိုင်းမှာပဲ တော် လှန်ရေးတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းရေးလုပ်တာမှာ စစ်သား၊ ရဲတွေက အချုပ်သားတွေကို ဒီအ တိုင်း ပဲ ချုပ်ထားပြီး စစ်တပ်ကုန်းကိုရွှေ့သွားတယ်ဆိုတာ မြင်ပြီး ကယ်ထုတ်နိုင်ခဲ့တာ၊ အချုပ်သား ကတော့ ၁၆ ယောက်လောက်ရှိမယ်၊ နိုင်ငံရေးအကျဉ်းသားတွေက ပါလား၊မပါလား မပြောတတ် သေး ဘူး။ အင်းတော်မှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတော်တော်များများကိုတော့ ကသာထောင်ကို ပို့လိုက်ပြီ။နောက်မှ ဖမ်းမိတဲ့ဟာတွေတော့ရှိတယ်။ နောက်မှ ခရီးသွားတွေကို ဖမ်းတာတွေရှိတယ်။ အင်းတော်စစ်တပ်ဂိတ်မှာ မသင်္ကာလို့ဆိုပြီး ဖမ်းမိတဲ့ခရီးသွားတွေကို ချုပ်ထားတာတွေရှိတယ်၊ အဲဒါတွေဖြစ်လောက်မယ်။ အဲဒီအချုပ်သားတွေကလေ ” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြော ကြားသည်။

 

ဩဂုတ်လ ၁၆ ရက်နေ့က နဘားလမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို လည်းကောင်း၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် နဘားကျေးရွာအတွင်းရှိ ဘုန်းကြီး ကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်တပ်စခန်းကိုလည်းကောင်း တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး အင်း တော်မြို့အခြေစိုက်အ ကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုလည်း လက်ရှိအချိန်အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းပစ်ကူပါယူပြီးခုခံနေကြောင်း သိရ သည်။

“အင်းတော်စစ်တပ်ကုန်းမှာတော့ လက်ရှိအချိန်အထိတိုက်ပွဲဖြစ်နေတုန်း။ ကျနော်တို့ အင်းတော်မှာ တော့ လေကြောင်းတွေက အဆက်မပြတ်တွယ်နေတာ။ အင်းတော်မှ မဟုတ်ဘူး၊ ထီးချိုင့်၊ ပင်လည် ဘူးဘက်မှာလည်း လေကြောင်းကနေ တွယ်ခံနေရတယ်လို့ သိရပါတယ်” ဟု မြေပြင် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ABSDF ၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များနှင့် KIA တပ်ဖွဲ့ကလည်း ပူးပေါင်းပါဝင်ကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *