Yangon News

0 0
Read Time:1 Minute, 55 Second

အင်းစိန်၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ဂိတ်ချ ဆက်ကြေးကောက်နေသော ယာဉ်ထိန်းရဲများကို မိုင်းခွဲတိုက်ခိုက်မှု အရာရှိတစ်ဦးအပါအဝင် ၄ ဦးဒဏ်ရာရ

 

D Day News

ဩဂုတ်လ ၂၄

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက်နေ သော ယာဉ်ထိန်းရဲများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ရဲ ၄ ဦးထိခိုက်ဒဏ်ရာရရှိ ကြောင်း God’s Hand Forces ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၇ မိနစ်အချိန် အင်းစိန်မြို့နယ်၊ စော် ဘွားကြီးကုန်း မီး ပွိုင့် အနီး ပြည်လမ်းပေါ်တွင် ဂိတ်ချကာ လမ်းသွားလမ်းလာနေသော ကားသမားများထံမှ ဆက် ကြေးကောက်နေသည့် ယာဉ်ထိန်းရဲများကိုမိုင်း ခွဲတိုက်ခိုက်ခဲ့ရာယာဉ်ထိန်းရဲ အရာရှိ ၁ ဦးနှင့် အခြား အဆင့် ၃ ဦး စုစုပေါင်း ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ခပ်ဝေးဝေးက ကြည့်ရတာဆိုတော့ သေဆုံးသလား၊ မသေဆုံးဘူးလားဆိုတာကို ကျနော်တို့ အ တည် ပြုလို့မရပါဘူး။ ထိတာတော့ ထိသွားတယ်” ဟု God’s Hand Forces မှ တာဝန်ခံဆရာ ကျောင်းက ပြောကြားသည်။

 

အဆိုပါစစ်ဆင်ရေးသည် M 043 စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ၅ ကြိမ်မြောက် တိုက်ခိုက် မှုဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ နှင့်ပတ်သက်သော ဒေါက်တိုင်များ ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်း၊ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင် ရှားသွားလာကြရန် God’s Hand Forces က ထုတ်ပြန်သတိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *