Taunggoo News

0 0
Read Time:2 Minute, 11 Second

တောင်ငူမြို့အရှေ့ ကရင်ချောင်း တံတားစစ်ဆေးရေးဂိတ်နှင့် အမှတ် ၃ ရဲစခန်းကို မိုင်းခွဲ တိုက်ခိုက် မှု ရဲ ၃ ဦး အပြင်းအထန်ဒဏ်ရာရ

 

D Day News

ဩဂုတ်လ ၂၄

 

ပဲခူးတိုင်း၊ တောင်ငူမြို့ အရှေ့ဘက် ကရင်ချောင်းတံတားစစ်ဆေးရေးဂိတ်နှင့် အမှတ် ၃ ရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Annonymous UG တပ်ဖွဲ့မှ ထံမှ သိရသည်။

 

ဩဂုတ်လ ၂၂ ရက် ညနေ ၅ နာရီခန့်က တောင်ငူမြို့ အရှေ့ဘက် တောင်ငူ – ၄ မိုင်လမ်းပေါ်ရှိ ကရင် ချောင်းတံတားဂိတ်တွင် ဆက်ကြေးကောက်နေသော ယာဉ်ထိန်းရဲများကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၃ ရက် ညနေ ၅ နာရီခန့်က တောင်ငူမြို့ အမှတ် ၃ ရဲစခန်းကို အဝေးထိန်း မိုင်း ဖြင့် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ ထိခိုက်သေဆုံးမှုအခြေ အနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“တောင်ငူမြို့အရှေ့ဘက် တောင်ငူ – ၄ မိုင်လမ်းပေါ်က ကရင်ချောင်းတံတားမှာ ဂိတ်ကြေး ကောက် နေတဲ့ ယာဉ်ထိန်းရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ယာဉ်ထိန်း ၃ ဦးဒဏ်ရာရခဲ့တာကို မျက်မြင် တွေ့ ခဲ့ရပါတယ်။ မနေ့က ၂၃ ရက်နေ့က အရှေ့ဘက်ကမ်းမှာရှိတဲ့ တောင်ငူ အမှတ် ၃ ရဲစခန်းကို အဝေး ထိန်းမိုင်းနဲ့ အောင်မြင်စွာ ထပ်မံတိုက်ခိုက်ခဲ့တာက ထိခိုက်မှုအခြေအနေ မသိရသေးပါဘူး” ဟု Annonymous UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Annonymous UG တပ်ဖွဲ့နှင့် KNU တပ်မဟာ ၂ တောင်ငူခရိုင် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *