PNLA News

0 0
Read Time:5 Minute, 24 Second

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပြီး စစ်သား ၄၈ ဦးသေဆုံး၊ ၆၀ မမ ပြောင်းတိုတစ်လက်၊ ဒရုန်း ၂ စင်း၊ လက်နက်ငယ် ၁၄ လက်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၂၄

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၄၈ ဦးသေဆုံးကာ ၆၀ မမ ပြောင်းတိုတစ်လက်၊ ဒရုန်း ၂ စင်းနှင့် လက်နက်ငယ် ၁၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဩဂုတ်လအတွင်း ဆီဆိုင်မြို့နယ်၊ ပအိုဝ်းကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ် ခတ် ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ PNO ပြည်သူ့စစ်များ ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့နှင့်မဟာမိတ်တော်လှန်ရေး တပ် ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၄ ကြိမ် ရှိခဲ့ပြီး အကြမ်းဖက်စစ်သား ၄၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား အလောင်း ၃၁ လောင်းနှင့် လက်နက်ငယ် ၁၄ လက်၊ ၆၀ မမ ပြောင်းတို ၁ လက် နှင့် ဒရုန်း ၂ စင်း သိမ်းဆည်းရှိခဲ့ကြောင်း၊ ကျန်ရှိခဲ့သည့် စစ်ကောင်စီ၏ အလောင်းများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ ကောင်းမွန်စွာ သင်္ဂြိုလ် ပေးခဲ့ကြောင်း သိရသည့်။

ဩဂုတ်လအတွင်း ဆီဆိုင်မြို့နယ် မီရဲ့ကျေးရွာနှင့် ထီရီးပွဉ် ရင်း ကျေးရွာကို အကြမ်းဖက်စစ်ကောင် စီ မှ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ပေါင်း ၃၀၀ ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ် တိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူလူထု၏ နေအိမ် ၄ အိမ် မီးလောင် ပျက်စီးခဲ့သည့်အပြင် ဒေသနေပြည်သူ ၁ ဦးသေဆုံးပြီး  ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဆီဆိုင်မြို့နယ် ပန်အောင်ကျေးရွာကို စစ်ကောင်စီနှင့် PNO က လက်နက်ကြီးဖြင့်ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အသက် ၄၀ အရွယ်  မွိုးစွန် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပြီး  မွိုးစွန်၏သား အ သက် ၃ နှစ်အရွယ် ကလေးငယ်သည်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆီဆိုင်မြို့နယ် လွယ် ထွယ် ကျေးရွာအတွင်းသို့လည်း စစ်ကောင်စီနှင့် လက်အောက်ခံPNOပြည်သူ့စစ်က လက်နက်ကြီး အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့ရာ ပြည်သူလူထု၏ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံPNOပြည်သူ့စစ်က လက်နက်ကြီများ လေယာ ဉ်များ အသုံးပြုပြီး ပအိုဝ်းကျေးရွာကို တိုက်ခိုက်ခြင်းကြောင့် ပအိုဝ်းပြည်သူ ၃၀၀၀ ကျော် တော တောင် ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

 

ထိုသို့ ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများအတွက် စားနပ်ရိက္ခာ အမိုးအကာ အကူအညီများ အရေးပေါ် လိုအပ်နေသဖြင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ နိုင်ငံတကာအဖွဲ့အစည်းများ အနေ ဖြင့် အကူအညီးပေးကြရန်PNLA က မေတ္တာရပ်ခံထားသည်။

 

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များသည် ဆီဆိုင်မြို့နယ်အရှေ့ဘက် ခြမ်းရှိ ပအိုဝ်းပြည်သူများအား အငတ်ဘေးကြုံတွေ့စေရန် ရည်ရွယ်၍ ဆန် ဆီ ဆား စသည့် စား သောက် ကုန်များ လူသုံးကုန်များ လယ်ယာသုံးပစ္စည်းများကို သယ်ယူခွင့် ပိတ်ထားကြောင်း၊ ငွေကျပ် ၅၀၀(ကျပ်ငါးရာ) နှင့်အထက် တန်ဖိုးရှိ ပစ္စည်းကို သယ်ယူပါက စစ်ကောင်စီနှင့် စစ်ကောင်စီလက် အောက်ခံ PNOပြည်သူ့စစ်က သိမ်းဆည်းလျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ဆီဆိုင်မြို့မှ ပြည်သူ ၃ ဦးကို PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း၊ ကျန် ၁ ဦးမှာ ပစ်သတ်သူ PNO ပြည်သူ့စစ် စံမြနှင့် ယောက်ဖတော်စပ်သူဖြစ်သောကြောင့် ငွေးငါးသိန်းဖြင့် ပြန်လည် ရွေးခိုင်း ကာ PNO ပြည်သူ့စစ်တပ်သားသစ်အဖြစ် အဓမ္မခေါ်ဆောင်သွားကြောင်း သိရသည်။

 

ထို့အပြင် ဩဂုတ်လအတွင်း ငွေ ၁၀ သိန်းမထည့်နိုင်လျှင် စစ်ကောင်စီအတွက် တပ်သားသစ်အဖြစ် စုဆောင်းမည်ဟု PNO ပြည်သူ့စစ်က ခြိမ်းခြောက်လျက်ရှိသဖြင့် ကျေးရွာမှ ထွက်ပြေးလာသည့် အ သက် မပြည့်သေးသူ အသက် ၁၄ နှစ် နှင့် အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၃ ဦးကိုလည်း PNLA က ကယ်တင်ခဲ့ကာ မိဘများနှင့် အဆက်အသွယ်ပြန်ရပြီးနောက် ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *