NUG News

0 0
Read Time:3 Minute, 18 Second

NUG၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ထိုင်နိုင်ငံ၊ဝန်ကြီးချုပ်သစ် H.E. Ms. Paetongtarn Shinawatra ထံကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ ၊ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံတွင် ထိုင်းနိုင်ငံ၏ ကူညီပေးမှုအတွက် ကျေးဇူးတင်ကြောင်းပြောဆို

 

D Day News

ဩဂုတ်လ ၂၄

 

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းဘုရင့်နိုင်ငံတော် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံရသော H.E. Ms. Paetongtarn Shinawatra ထံကို ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။

 

​ဩဂုတ်လ ၁၉ ရကနေ့စွဲဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းဘုရင့်နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသော H.E. Ms. Paetongtarn Shinawatra ထံကို သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သလို ဒုတိယ မြောက်အမျိုးသမီးအဖြစ် တာဝန်ကိုထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ဂုဏ်ယူပါကြောင်း ဖော်ပြ ထားသည်။

H.E. Ms. Paetongtarn Shinawatra ၏ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်မှုသည် ထိုင်းနိုင်ငံရှိ အမျိုးသမီးများသာမက ကမ္ဘာတဝှမ်းက အမျိုးသမီးများအတွက်ပါ အင်အားကြီးသည့် လှုံ့ဆော်မှု ဖြစ်ကြောင်း NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သဝဏ်လွှာတွင် ရေးသားပြောဆို ထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏  ဒီမိုကရေစီ အရေးတော်ပုံတွင် ထိုင်းနိုင်ငံက ဆက်လက်ပံ့ပိုးမှုနှင့် မြန်မာပြည်သူများ ကို ကူညီပေးနေမှုများအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံတွင် လက် ဖြစ်ဖြစ်ပေါ်နေသည့် အကျပ်အတည် ဖြေရှင်းရာ၌ ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ၇၆ နှစ်နီးပါ တည် မြဲခဲ့သော နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်အတွက် လေးလေးနက် နက် ဂုဏ်ယူဝမ်းမြောက်သည်ဟု ဆက်လက်ဖော်ပြထားကြောင်း သိရသည်။

 

အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် နှစ်နိုင်ငံပြည်သူများ ကောင်း စားရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ရှင် သန်လာစေရေးဆိုင်ရာ ကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စ၊ နယ်စပ်လုံခြုံရေး အ တွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ တိုက်ဖျက်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်း ထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *