Budulin News

0 0
Read Time:2 Minute, 9 Second

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးစသည့်စစ်သားများ တပ်စွဲထားရာ နေရာ များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

ဩဂုတ်လ ၂၄

 

ထို့အပြင်စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ပေါ်က စစ်ကောင်းစီအထိုင်ချတပ်ဆွဲရာ နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၃ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ် သား၊ ရဲများ နေထိုင်ရာ ရဲစခန်း၊ ထွေအုပ်ရုံး ၊ CB ဘဏ် ၊ မိုကျူရှင် နှင့်အထက ကျောင်း စသည့် နေရာများကို ဒရုန်းအသုံးပြုပြီး ဗုံးသီး ၁၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာများကို တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဘုတလင်မြို့ ပေါ်က စခ စခန်းအားလုံးကို ဒရုန်းနဲ့ ဗုံးသီး ၁၃ လုံး ကျဲချတိုက်ခိုက်ခဲ့ပါ တယ်။ စခတွေ ဘက်ကတော့ ပြာယာခတ် နေကြတယ် ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဒရုန်း လည်းပစ်သလို ကျနော်တို့ ရှိနိုင်မဲ့ နေရာတွေဆီကိုလည်း ပစ်ခတ်တယ်။ စခအသေအပျောက်က တော့ စုံစမ်းနေတုန်းဗျ။ကို ယ်ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” ဟု Chindwin Brothers တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို မြို့နယ်အုပ်ကြီးအဖွဲ့၊ Chindwin Brothers တပ်ဖွဲ့၊ နင်ဂျာအဖွဲ့၊ သိန်းငှက် ညီ‌ နောင်အဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၉ ဗိုလ်နားထိုင်းအဖွဲ့နှင့် တပင်ရွေထီးအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *