Bago News

0 0
Read Time:2 Minute, 20 Second

လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအတွင်း တက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံး၊ သုံ့ပန်း ၁၀ ဦးကို လက်နက် ၃၀ ခဲယမ်းများနှင့် အတူ ဖမ်းမိ

 

D Day News

ဩဂုတ်လ ၂၄

 

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ် ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး သုံ့ပန်း ၁၀ ဦးကို လက်နက် လက်နက် ၃၀၊ ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဩဂုတ်လ ၂၄ ရက် နေ့နေ့တွင် လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမ အတွင်းသို့ အင်အား ၁၀၀ ကျော် ဖြင့် တက်လာသော အကြမ်းဖက်စစ်ကြောင်းကို ရေငံကျေးရွာအနီးအရောက် သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂ တပ်ခွဲ ၂/၃/၅/၆ နှင့် တပ်ရင်း ၃၈၀၃တို့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့အပြင်အကြမ်းဖက်စစ်သားများ အသုံးပြုသည့် G-3 အမျိုးအစား သေနတ် (၁၉) လက်၊ G-4 အမျိုး အစား သေနတ် ၁ လက်၊ 40 mm အမျိုးအစား ၂ လက်၊ MA-1 အမျိုးအစား သေနတ် ၃ လက်၊ MA-3 အမျိုးအစား သေနတ် ၂ လက်၊ MA-12 အမျိုးအစား သေနတ် ၁ လက်၊ MA-2 (MK-11) အမျိုးအစား သေနတ် ၁ လက်၊ ပစ္စတို MA-5 သေနတ် (၁) လက်၊ G-3 ကျည် (၁၉၆၃) တောင့်၊ MA ကျည် (၁၇၈) တောင့်၊ 9mm ကျည် (၂၀၀) တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော် နှင့် ဖုန်း (၈) လုံးသိမ်းဆည်းရရှိခဲ့ကြောာင်း သိရသည်။

 

အဆိုပါ တိုက်ပွဲအပြီး အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး နှင့် ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များ ချမှတ်ထားပြီးဖြစ်ကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *