Yesagyo News

0 0
Read Time:2 Minute, 23 Second

ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးစခန်းကို စွန့်ခွာပြီး ပခန်းကြီးရဲကင်းစခန်းကို ပူးပေါင်းရန်သွား သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၁၀ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၂၃

 

ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးစခန်းကို စွန့်ခွာပြီး ပခန်းကြီးရဲစခန်းကို ပူးပေါင်းရန် သွားရောက် သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၁၀ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ထံမှ သိရသည်။

 

ဩဂုတ်လ ၂၁ ရက်မွန်းလွဲ ၁ နာရီ ၂၆ မိနစ်အချိန်တွင် ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးကျေးရွာ စခန်းကို စွန့်ပစ်ထားခဲ့ပီး ပခန်းကြီးရဲကင်းစခန်းကို သွားရောက်ပူးပေါင်းသည့် အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို ကြားဖြတ်၍ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၁၅ မိနစ်လောက်ပဲ ကြာခဲ့တာ။ အဓိကတော့ မိုင်းကို ဦးစားပေးတာပေါ့၊ မိုင်းဆွဲခဲ့တာ။ အဲ ဒီမှာ ၇ ဦးပြုတ်တာ။ အတွင်းသတင်းပေးတာသိရတာကတော့ ဆေးရုံမှာ ထပ်ရောက်တာရော ၁၀ ဦး သေတယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ မျက်မြင်တွေ့လိုက်တာက ၇ ဦးမို့ ကျန်တာ ဒဏ်ရာ ရတာ လို့ ထုတ်ပြန်လိုက်တာ။ ကျနော်တို့ ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးသေဆုံးသွားသော အကြမ်းဖက်စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများ ကို Alphard ကားဖြင့် လာရောက် ကောက်ယူသွားပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) – မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနှင့်အတူ Dragon Brothers People Defense Force (YSO) မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *