NUG News

0 0
Read Time:5 Minute, 14 Second

မင်းအောင်လှိုင်ထိန်းချုပ်ထားတဲ့မြို့နယ်သည် တစ်နိုင်ငံလုံး၏ ၂၈ ရာခိုင်နှုန်းတောင်မရှိတော့ဟု မန်းဝင်းခိုင်သန်းပြော(ရုပ်သံ)

 

  • တော်လှန်ရေးတပ်ဖွဲ့ဝင်များထိန်းချုပ်မြို့နယ် ၇၇ မြို့နယ်နှင့်ဝိုင်းပတ်ပိတ်ဆို့ထား သည့် မြို့နယ် ၁၀၅ မြို့နယ်ရှိ

 

D Day News

ဩဂုတ်လ ၂၃

 

နွေဦးတော်လှန်ရေး ၃ ကျော်ကာလအတွင်း မင်းအောင်လှိုင်ထိန်းချုပ်ထားသည့်မြို့နယ် သည် တစ် နိုင်ငံလုံး၏ ၂၈ ရာခိုင်နှုန်းတောင်မရှိတော့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်စိုးမိုးထိန်း ချုပ် ထားသည့်မြို့နယ် ၇၇ မြို့နယ်၊ ဝိုင်းဝန်းပိတ်ဆို့ထားထားသည့်မြို့နယ် ၁၀၅ မြို့နယ်ရှိကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားသည်။

 

ဩဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်သည့် မြန်မာနွေဦးတော်လှန်ရေးဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မြန်မာနွေဦးတော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလတစ်ခုကြာမြင့်လာတဲ့အချိန်မှာ ဘုံရန်သူကိုလည်း ပြတ်ပြတ်ထင်ထင်သိမြင်၊ ဘုံပန်းတိုင်ကိုလည်း ထင်ထင်ရှားရှားတွေ့မြင်နေရပြီဖြစ်တဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ စုစည်းညီညွတ်မှုတွေရနေပြီဖြစ်သလို ပြည်သူတစ်ရပ်လုံးကိုရန်သူလို သဘော ထားပြီးနေ့စဉ်ရက်စက်ကြမ်းကြုတ်နေတဲ့စစ်အုပ်စုကတော့ တတိတိပြိုလဲရာကနေ မကြာခင် ဘုံးဘုံး လဲတော့မယ့်အခြေအနေရောက်ရှိနေပါပြီ။ တော်လှန်ရေးအင်အားစုတွေ စိုးမိုးသိမ်းပိုက် ထိန်းချုပ် ထား တဲ့ မြို့နယ် ၇၇ မြို့နယ်ရှိနေပြီဖြစ်သလို အကြမ်းဖက်စစ်အုပ်စု မလှုပ် နိုင်အောင် ဝိုင်းပတ်ပိတ် ဆို့ထားတဲ့ မြို့ ၁၀၅ မြို့အထိရှိလာနေပါပြီ။ မင်းအောင်လှိုင်တို့ အုပ်စု သေချထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်ဟာ တစ်နိုင်ငံလုံးရဲ့ ၂၈ ရာခိုင်နှုန်းတောင် မရှိတော့ပါဘူး။ ဒါဟာလက်ရှိအခြေအနေပါ။” ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

နွေဦးတော်လှန်ရေးခရီးသည် ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြသည့် လူမျိုးများ၏ သရုပ်လက္ခ ဏာကို ကာကွယ်မြှင့်တင်ပေးမည့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်ဖြစ် ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

 

“အကြမ်းဖက်စစ်တပ်မရှိရင် ကျနော်တို့တိုင်းပြည်ဟာ အချင်းချင်းမညီညွတ်နဲ့ တစ်စစီပြိုကွဲသွားနိုင် တဲ့ ဆိုတဲ့ စိုးရိမ်သလို ၊ စွပ်စွဲသလိုလို စကားတွေ ကြားနေရပါတယ်။ ကျနော်တို့သွားမယ့်ပန်းတိုင်ဟာ အစိပ်စိပ်အမွှာမွာပြိုကွဲသွားမယ့် ပန်းတိုင်မဟုတ်ပါဘူး။ ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင် ကွဲပြားသော လူမျိုးတွေရဲ့ သရုပ်လက္ခဏာတွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုး သားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ် ဒီမို ကရေစီပြည်ထောင်စုပဲဖြစ်ပါတယ်။ အဲဒီကို ကျနော်တို့သွားမှာပါ။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်း ဝင်းခိုင်သန်းကပြောကြားသည်။

 

ထို့သို့ သွားနိုင်ရန် တော်လှန်ရေးအင်အားစုများအကြားသဘောတူညီမှုရရှိထားပြီး ရောက်ရှိမည့် ပန်းတိုင်သည်လည်းလက်တစ်ကမ်းအလိုသို့ရောက်ရှိနေပြီဖြစ်ကာ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် စစ်အာဏာရှင်စနစ်တစ်ခုကို ဝိုင်းဝန်းအဆုံးသတ်ပေးကြပါရန် ဆက်လက်တိုက်တွန်း ထားသည်။

 

“ဒါကိုလည်းတော်လှန်ရေးအင်အားစုတွေကြားမှာ တူညီတဲ့သဘောထားတွေ ရှိထားပြီးဖြစ်သလို ထပ်မံပြီးပါဝင်လာကြဖို့လည်း ဆက်လက်ပြီးလုပ်ဆောင်နေပါတယ်။ မြန်မာပြည်သူတွေဟာ ကိုယ့် ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ဖို့ ကိုယ်လမ်းကိုဖောက် တော်လှန်ရေးခရီး လျှောက်ခဲ့ကြတာ ပန်းတိုင်နဲ့ လက်တစ်ကမ်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ အခုချိန်ဟာ မြန်မာ ပြည်သူ တွေ ဘက်ကရပ်ပြီး ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးတဲ့စစ်အာဏာရှင် စနစ်တစ်ခုကို ကမ္ဘာ့မြေပေါ်က ဝိုင်းဝန်း အဆုံးသတ်သင့်တဲ့ အချိန်ဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *