Laung Lone News

0 0
Read Time:2 Minute, 54 Second

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ပျူနေအိမ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ပျူအမျိုသမီး တစ်ဦးသေဆုံး၊ ပျူများထွက်ပြေးသွားဖြင့် နေအိမ်ကို မီးရှို့ဖျက်ဆီး

 

D Day News

ဩဂုတ်လ ၂၃

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးများ စုဝေး နေသော နေအိမ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ပျူများ ထွက်ပြေးသွားသဖြင့်နေအိမ်ကိုမီးရှို့ဖျက်ဆိးပေးလိုက် ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီအချိန်ခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီးများ စုဝေးနေသောနေအိမ်တစ်လုံးကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကျောက်နီ မော်ပျူစောထီးခေါင်းဆောင် သန်းစိုးအပါအဝင် ပျူစောထီးများ ထွက်ပြေးလွတ်မြောက်သွား ကြောင်း သိရသည်။

ထို့နောက် ဒုတိယပစ်မှတ်ဖြစ်သော ပျူစောထီးကြယ်ဖြူ၏ နေအိမ်ကို ထပ်မံ ဝိုင်းခဲ့ရာ ပျူစောထီး များက နေအိမ်ပေါ်မှ ခုန်ချကာ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် ပျူစောထီးများနှာ ရေထဲခုန်ချကူးခတ်ကာ တဖက်ကမ်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးသေဆုံးကာ ပျူစောထီကြယ်ဖြူ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ၊ ပျူစောထီးကြယ်ဖြူသည် ယုတ်မာရိုင်းစိုင်းသူတစ်ဦးဖြစ်ပြီး လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်ကြောင်းထိုးရာတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ၎င်း၏ အမျိုးသမီးဖြစ်သူမှာလည်း စစ်ကောင်စီ၏ အမာခံထောက်တိုင်ဖြစ်ကြောင်း သိရသည်။

 

ထို့သို့ ဝင်ရောက်တိုက်ခိုက်မှုအဝွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်များအနီး ကျရောက်ပေါက်ကွဲခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ လိပ်ပြာတပ်စု ၊ ဂဠုန်တပ်စု နှင့် ကင်းမြှီးကောက်ပြောက်ကျားတပ်စု တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *