UN News

0 0
Read Time:9 Minute, 35 Second

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု ကုန်းဈေးနှုန်းကြီးမြင့်မှု၊ အလုပ်လက်မဲ့ပြသနာနှင့် မတရားစစ် သား စုဆောင်းမှုကြောင့် စီးပွားရေး၊ လူမှုရေး အခြေအနေ အလွန်အမင်းပျက်စီးနေဟု ကုလသံ အမတ်ကြီး ဦးကျော်မိုးထွန်းပြော

 

D Day News

ဩဂုတ်လ ၂၂

 

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု အလွန်မြင့်တက်လာခြင်း၊ စားသောက်ကုန်ပစ္စည်းများ၏ ကုန် စျေးနှုန်းခေါင်ခိုက်လာခြင်း၊ ဝင်ငွေနည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းမရှိခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ မတရား စစ်သားစုဆောင်းမှုနှင့် ရွှေ့ပြောင်း နေထိုင်မှုများကြောင့် ပညာရှင်များ ယိုစိမ့်မှု ပြဿနာ စသည်ဖြင့် ပြည်တွင်း စီးပွားရေးနှင့် လူမှုရေးအခြေအနေသည်လည်း အလွန်အမင်း ပျက် စီးလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော် မိုးထွန်းက ပြောကြားသည်။

ဩဂုတ်လ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံ၊နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင် စီတွင် ၂၀၂၄ ခုနှစ်၊​ သြဂုတ်လအတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆီရီယာလီယွန်နိုင်ငံမှ ကြီးမှူး၍ “ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေး – ငြိမ်းချမ်းရေး အစီအစဉ်အသစ် အောက်မှ ကမ္ဘာလုံးဆိုင်ရာအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံ အဆင့်တို့၌ ပဋိပက္ခကြိုတင် ကာကွယ်ရေး” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေး၌ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသည် လူထုထောက်ခံမှုအလျဉ်းမရှိသော စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချုပ်ငြိမ်း စေ ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရန် တော်လှန်ရေးတစ်ရပ်ကို ဖြတ်ကျော် လျက်ရှိကြောင်း၊ မတရား စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်း ကြုတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုဖက်သော ပဋိပက္ခများ၏ ပြင်းထန်မှုနှင့် ယင်း ၏ နောက်ဆက်တွဲအကျိုးဆက်ဆိုးများကို ကျော်ဖြတ်ခဲ့ရသည့် ထူးကဲသော အတွေ့အကြုံများမှ တ ဆင့် ကောင်းစွာ သိရှိနားလည်သင်ယူခွင့်ရခဲ့ကြောင်း၊ ထို့ကြောင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အဖိုးအခကို အတိုင်းထက်အလွန် သိနားလည်ပါကြောင်း ကုလသမဂ္ဂဆိုင် ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်က ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က တရားဥပဒေစိုးမိုးမှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ နိုင်ငံ တ ကာ လူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေတို့အား ဆက်လက်ချိုးဖောက်၍ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကို ကျူးလွန်လျက်ရှိသဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မရရှိနိုင်ဘဲဖြစ်နေ ကြောင်း ၎င်းက ထောက်ပြထားသည်။

 

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နေရပ်စွန့်ခွာသူနှင့် ဒုက္ခသည်များ အရေအတွက်မှာ (၃.၂) သန်းအထိ မြင့်တက်လာခဲ့ပြီး (၁၈.၆) သန်းခန့်မှာ လူသားချင်း စာနာထောက်ထားမှုအကူအညီ များကို အထူးလိုအပ်လျက်ရှိကြောင်း၊ ကလေးငယ်များနှင့် လူငယ်အများအပြားမှာလည်း ပညာသင် ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဆုံးရှုံးနေရပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များ နှင့် ရိုဟင်ဂျာများ အပါအဝင် ထိခိုက်လွယ်သော အုပ်စုများမှာ စစ်တပ်မှ ကျူးလွန်သည့် အမျိုးမျိုး သော အကြမ်းဖက်မှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။

 

စစ်တပ်သည် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများကို နိုင်ငံရေးအရနှင့် လက်နက်သဖွယ် အသုံးချလျက်ရှိသဖြင့် ယင်းလုပ်ငန်း များ လုပ်ဆောင်ရာတွင်လည်း စိန်ခေါ်မှုများ ဆက်လက်ဖြစ် ပေါ်နေပြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ထိရောက်စွာ ဖော်ဆောင်ပေးရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

 

တရားမဝင်လူကုန်ကူးမှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်းလိမ်လည်မှု များ စသည့်ဖြစ်စဉ် များလည်း စိုးရိမ်ဖွယ်ကောင်းအောင် မြင့်တက်လျက်ရှိပြီး အိမ်နီးချင်း နိုင်ငံများနှင့် အခြားနိုင်ငံများ ကိုပါ အကျိုးသက်ရောက်မှုရှိနေသည်ဟု ဆိုသည်။

 

နိုင်ငံတကာအသိုက်အဝန်းအား ထိရောက်သော အရေးယူဆောင်ရွက်ချက်များနှင့် အကူအညီများ ပေးအပ်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုနေသော မြန်မာပြည်သူများအပေါ် မျက်ကွယ်ပြုခံရသဖြင့် စိတ်ပျက်မိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် လုပ်ဆောင်ချက်များ ပျက် ကွက်နေခြင်းကြောင့် တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေရခြင်းနှင့် စစ်တပ်အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခွင့် လိုင်စင် လက်ဝယ်ရရှိနေခြင်းကို ပိုမိုရှည်ကြာစေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ် ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။

 

ဤမျှကြာညောင်းသော ကာလတလျှောက်တွင် ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်း ကလေးငယ်များ၊ လူငယ်လူရွယ်များမှာ တရားခံစစ်တပ်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှု များနှင့် နိုင်ငံတကာရာဇဝတ်မှုများ၏ ဒဏ်ကို ခါးစည်းခံနေရကြောင်း သိရသည်။

 

မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သူများသည် မိမိတို့နိုင်ငံအဆင့်၌ ပြဿနာ၏ အရင်းအမြစ်ဖြစ် သော စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရန် အားထုတ်နေခြင်းမှတစ်ဆင့် ပြည်တွင်း၌ ရေ ရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို မြန်မာပြည်သူများထက် မည်သူ တစ်ဦး တစ်ယောက်ကမျှ ပို၍ သိရှိနားလည်နိုင်မည် မဟုတ်သလို မည်သူ့ကမျှ မြန်မာနိုင်ငံအား ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ သာယာဝပြောသော နိုင်ငံဖြစ်စေ လိုသည့် ဆန္ဒသာလွန် ကိန်းဝပ်နေမည်မဟုတ်ကြောင်းကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

တဖက်တွင် ပြဿနာကို ရေရှည်တည်တံ့သည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ပံ့ပိုးကူညီလိုသည့် နိုင်ငံ များ ကို ကြိုဆိုလင့်ကစား ၎င်းတို့အနေဖြင့် မြန်မာပြည်သူများ၏အသံကို အလေးအနက်ထား နား ထောင်ရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်ဆန္ဒကို ရိုးသားစွာ လေးစားကြရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထားသည်။

 

အထူးသဖြင့် ပြဿနာအား ဖြေရှင်းမည့် မည်သည့်အစီအစဉ်မဆို မြန်မာပြည်သူများ၏ မျှော်မှန်းချက် နှင့် ကိုက်ညီမှုရှိရန်လိုပြီး ရေရှည်တည်တံ့သော အဖြေဖြစ်ရေးအတွက် ဆောင်ရွက်သည့် အစီအစဉ် ဖြစ်ရန် အလွန်အရေးကြီးကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာပြည်သူများ အထူးလိုအပ်နေသည် မှာ နိုင်ငံတကာ အသိုက်အဝန်း၏ လက်ငင်း၊ တိကျပြတ်သားသော အရေးယူဆောင်ရွက်မှုပင်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်အား တသီးတခြား ဖယ်ကျဉ်နိုင်ရန်နှင့် ၎င်းတို့ထံ လက် နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ ငွေကြေးစီးဆင်းမှုအားလုံး ဖြတ်တောက်နိုင်ရန် အင်တိုက်အားတိုက် ပူး ပေါင်းဆောင်ရွက် အားထုတ်မှသာလျှင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန် လည် လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်း တည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ် ကြောင်း ထောက်ပြထားသည်။

 

သို့ဖြစ်ပါ၍ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက် ရှိပြီး ယခုပင် အရေးယူ ဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအ မတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *