Pakokku News

0 0
Read Time:2 Minute, 55 Second

ပခုက္ကူမြို့နယ်၊ သာကြီးတောင်နယ်မြေရဲစခန်းနှင့် ကျပ်ထိုးနယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်သား များ စခန်းစွန့်ခွာသွားသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်း

 

D Day News

ဩဂုတ်လ ၂၂

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သာကြီးတောင်နယ်မြေရဲစခန်းနှင့် ကျပ်ထိုးနယ်မြေရဲစခန်းမှ ရဲ၊ စစ်သား များအားလုံး စခန်းစွန့်ခွာသွားသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းလျက်ရှိ ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့ထံမှသိရသည်။

 

ယနေ့ ဩဂုတ် ၂၂ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ပခုက္ကူမြို့နယ်၊ သာကြီးတောင်နယ်မြေ ရဲ စခန်းမှ ရဲများအားလုံးသည် ကမ္မမြို့ပေါ်ရှိ ရဲစခန်းကိုလည်းကောင်း၊ ကျပ်ထိုးနယ်မြေရဲစခန်းမှ ရဲများ အားလုံးသည် ညောင်ဂျစ်ပင်ရွာ ပျူစောထီစခန်းသို့လည်းကောင်း စခန်းစွန့်ခွာပြီး သွားရောက် ပူး ပေါင်းခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းလျက်ရှိရာ ရိက္ခာ ဆန်၊ ဆီ အချို့နှင့်အသုံးအဆောင်အချို့သိမ်းဆည်းရရှိထားကြောင်း သိရသည်။

 

“သာကြီးတောင်က ညတုန်းက ၁၂ နာရီ မိနစ် ၄၀ လောက်မှာ ဆုတ်သွားတာ၊ အင်းအားက ၃၀ လောက်ပဲရှိတာ။ သူတို့က ကမ္မကိုသွားပေါင်းတာ။ ဒီမနက်တော့ နယ်မြေခံအဖွဲ့တွေ ရှင်းလင်းရေး လုပ်နေတယ်။ စခန်းကိုတော့ မီးရှို့ပစ်လိုက်ကြတယ်။ ကျပ်ထိုးရဲစခန်းကလည်း ဒီမနက်ပဲ သေနတ် တွေပစ်ဖောက်ပြီး ဆုတ်သွားကြတာ။ သူတို့ကတော့ ညောင်ဂျစ်ပင်ဘက်ကို ပေါင်းမယ်လို့ ကြား  တယ်။အခုကတော့ သူတို့က လမ်းမှာပဲရှိသေးတယ်။ ကျပ်ထိုးရဲစခန်းကိုလည်း သာကြီးတောင်လိုပဲ နယ်မြေခံအဖွဲ့တွေဝင်ရှာရှင်းလင်းတော့ ဆန်နဲ့ ဆီပဲ ကျန်ခဲ့တယ်။ လက်နက်တွေဘာတွေတော့ အ ကုန်သူတို့ယူသွားတယ်။”ဟု Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

စခန်းစွန့်ခွာသွားသော သာကြီးတောင်နယ်မြေရဲစခန်းသည် အင်အား ၃၀ ခန့်ဖြင့်လည်းကောင်း၊ ကျပ်ထိုးနယ်မြေရဲစခန်းသည် အင်အား ၂၅ ဦးခန့်ဖြင့်လည်းကောင်း တပ်စွဲထားခြင်းဖြစ်ပြီး ကမ္မမြို့‌ ပေါ်ရှိ ရဲစခန်းမှ ရဲများသည်လည်း စခန်းအပြင်သို့ ထွက်ရဲခြင်းမရှိတော့ပဲ လိုချင်သော ပစ္စည်းများ ဝယ်လိုပါက အနီးအနားလာရောက်သူများကို အတင်းအဓမ္မခေါ်ယူကာ ဝယ်ယူပေးရန် စေခိုင်း လျက်ရှိကြောင်း သိရသည်။

Photo – ကျပ်ထိုးနယ်မြေရဲစခန်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းစဉ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *