Myaing News

0 0
Read Time:2 Minute, 43 Second

မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်ကျေးရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံး၊ ၅ ဦး လက်နက်ချအဖမ်းခံ၊ ၆၀ မမ လက်နက်ကြီးတစ်လက်အပါအဝင် ၁၉ လက် နှင့်ခဲ ယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၂၂

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိကာ ၆၀ မမ လက်နက်ကြီး တစ်လက်အပါအဝင် လက်နက် ၁၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၁ ရက် နံနက် ၆ နာရီခန့်တွင် မြိုင်မြို့မှ ကိုင်းတောမရွာသစ်ကျေးရွာတွင် အခြေထားသည့် အကြမ်းဖက်စစ်သားများသည် အနီးအနားကျေးရွာများကို လုယက်၊ မီးရှို့ဖျက်ဆီး ရန် ထွက်လာခဲ့သဖြင့် မြိုင်မြိုနယ်တွင်းတော်လှန်ရေးအင်အားစုများနှင့် အခြားဒေသတွင်း တော်လှန် ရေး အင်အားစုများပူးပေါင်း၍   ခြုံခိုတိုက်ခိုက်ခဲခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား အလောင်း ၁၂ ဦး မျက်သေတွေ့ရှိသေဆုံးကာ ၅ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း၊ ထိုပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသည့် MA1 – ၆ လတ် ၊ MA2 – ၃ လတ် ၊ MA3 – ၄လတ် ၊ MA4 – ၁ လတ် ၊ MA11 – ၁ လတ် ၊ G3 – ၂လတ် ၊ 79MM – ၁လတ် ၊ BA 100 ( ၆၀ မမ) – ၁ လတ် ၊ G3 ကျည် ၁၉၂ တောင့် ၊ MA ကျည် ၈၆၇ တောင့် ၊ ၉မမကျည် ၁၉၆ တောင့် ၊ ၆၀ မမအဖူး ၁ ဖူး ၊ ၈၁ မမအဖူး ၅ ဖူး ၊ ၄၀မမအဖူး ၁၂ ဖူး ၊ အီနာဂါ ၃ ဖူး ၊ RPGအဖူး ၃ ဖူး ၊ လက်ပစ်သီး ၃ လုံးနှင့် အခြားပစ္စည်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည် ။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၂ ၊ ၆ ၊ ၇)တပ်ရင်းများ ၊ ပကဖ တပ် ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု( Earthquake ၊ PPDF ၊ Young Force) ၊ အညာမြေ တပ် ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ BLY တပ်ဖွဲ ၊ PKU- THURAIN ၊ စကြာပြည်သူ့ကာကွယ်‎ရေးတပ်ဖွဲ့ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်) ၊ အလင်းတန်းပျောက် ကြားတပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ Justice Revolution Force နှင့်အခြားသော ဒေသတွင်း လက်နက်ကြီးငယ်အဖွဲများ ၊ ဒရုန်းတပ်ဖွဲများက အတူတကွ ညီညီညွှတ်ညွှတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *