China News

0 0
Read Time:1 Minute, 56 Second

မြန်မာ့အရေးဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ ပါဝင်မှုကို တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

 

D Day News

ဩဂုတ်လ ၂၂

 

မြန်မာ့အရေးဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ ပါဝင်မှုကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရေဂဆိုခွင့်ရှိသူမော်နင်က ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာလ်သတင်းဌာနက ရေးသားသည်။

 

ဩဂုတ်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ အလည်အပတ်လာ ရောက်ခဲ့သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ် Julie Bishop ခရီးစဉ်နှင့်ပတ်သက်၍ ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့အရေး နိုင်ငံရေးအရ ဖြေရှင်းရာတွင် ကုလသမဂ္ဂ၏အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မှုကို တရုတ်နိုင်ငံက ထောက်ခံပါကြောင်း၊ အထူးကိုယ်စားလှယ်အနေဖြင့် ဓမ္မဓိဋ္ဌာန်ကျမှု၊ တရားမျှတမှုရှိသော ရပ်တည်ချက်ကို လက်ကိုင်ထားမည်၊ ဘက်ပေါင်းစုံ၏ဆက်ဆံရေးကို ဟန်ချက် ညီစွာ စီမံဆောင်ရွက်မည်၊ မြန်မာနိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို ထောက်ရှု၍ ကွဲလွဲမှု များကို ပေါင်းကူးပေးမည့် ထိရောက်သောလမ်းကြောင်းကို ရှာတွေ့စေရန် မြန်မာနိုင်ငံအား ကူညီ မည် ဟု မျှော်လင့်ပါကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *