Than Phyu Zayat News

0 0
Read Time:2 Minute, 22 Second

သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်သစ်အထိုင်ချစခန်းနှင့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၁

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ်ရှိ အထိုင်ချ စစ်တပ်စခန်းနှင့် ရွာပြင်ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ် မှ ရဲတံခွန်ရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို ရွာ ၂ ရွာကြား တနေရာမှ အသင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းစစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ၅ လုံးဖြင့် ရမ်းသမ်းပစ် ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် KNLA အမှတ် ၂၇ တပ်ရင်းတို့ ပူးပေါင်းကာ ချုံခို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဩဂုတ်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီ ၂၁ မိနစ်အချိန်က သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာ သစ် တောင်ပေါက်ဘုန်းကြီးကျောင်းအနီး ခေတ္တစခန်းချနေသော အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် KNLAတပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့‌ကြောင်း တောင်ညိုစစ် ကြောင်းက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *