ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၇ ဦးထက်မနည်းသေဆုံး၊ စစ် ကြောင်းထွက်စဉ် ကားမှောက်ပြီး စစ်သားအများအပြားထပ်မံသေဆုံး
D Day News
ဩဂုတ်လ ၂၁
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဝန်လိုရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကြောင်း ထွက်ရန် ရှေ့ပြေးကင်းထွက်လာသည့် ဖောကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ပြီး စစ် ကြောင်းထွက်စဉ် ကားမှောက်၍ စစ်သားအများအပြား ထပ်မံသေဆုံးမှုရှိကြောင်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းမှ ထံမှ သိရသည်။
ဩဂုတ်လ ၁၉ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ပွင့်ဖြူမြို့နယ်၊ ဝန်လိုရွာ၌ အထိုင်ချထား သော အကြမ်းဖက်စစ်တပ် စစ်ကြောင်း ဆက်ထွက်ရန် ရှေ့ပြေးကင်းအဖြစ် အင်အား ၁၀ ဦးခန့်ပါ ဖောကားတစ်စီးဖြင့် ကန်ရွာဘက်သို့ ထွက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူပေါင်းပြီး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကားပေါ်တက်ခါနီးရောက်မှ နောက်ချန်စစ်ကူရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာ၊ တိုက်ခိုက်နေတုန်း မှာလည်း သူတို့ထဲက နှစ်ယောက်လောက်ပဲ ပြန်ပစ်နိုင်တယ်။ အဲဒီနှစ်ယောက် ငြိမ်သွားချိန်မှာ ကား ပေါ်တက်ဖို့လုပ်ခဲ့တာ၊ စစ်ကူတွေရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာပါ။ ဒဏ်ရာရ ၃ ယောက်ကလွဲ အကုန်သေတယ်၊ ကားကခေါင်းကျိုးကျပြီး စုတ်ပြတ်သတ်သွားတာ။ဒဏ်ရာတဲ့ ၃ ယောက်ကို မဲဇလီ ကိုလွှဲတယ်၊ လက်ပြတ်တာတွေ၊ စိုးရိမ်ရတာတွေပါတယ်၊ အလောင်းတွေကတော့ Double Cub နဲ့ တောင်ဘက်မြောင်းဘောင်အတိုင်း ဝါတပ်ကို မောင်းသွားတယ်၊ ဖောကားကိုတော့ သပ်သပ်လာဆွဲ သွားတယ်၊” ဟု မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း ၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့- ပွ့င်ဖြူမြို့နယ် ပကဖ နှင့် Yenanthar Youth Force LPDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရသည့်အပြင် ဝါလိုရွာထိပ်၌ အကြမ်းဖက်စစ်တပ် စစ်သားများလိုက်ပါလာသည့် ဖောကားတစ်စီးလည်း တိမ်းမှောက်ခဲ့ကြောင်း၊ ကားမှောက်မှုကြောင့်အကြမ်းဖက်စစ်သားများ သေ ဆုံးမှုရှိပြီး တိမ်းမှောက်နေသော ကားကို ဆွဲထူရန် ပြည်သူပိုင် JCB ကားနှင့်သမားကို သေနတ်ဖြင့် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့ရာ ကားသမားမှာ သေဆုံးစစ်သားအလောင်းများကို မြင်တွေ့ပြီး သွေးလန့် ကာ စကားပြောဆိုနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။
“အဲဒီနေ့မနက်ကပဲ ဝါလိုရွာထိပ်မှာ ကားမှောက်တာ။ အဲဒီကားကို ဆွဲဖို့ JCB ကားကိုခေါ်တာ။ JCB ကားသမားက အလောင်းတွေမြင်ပြီး သွေးလန့်သွားတာ၊ စကားမပြောနိုင်တော့လို့ ဘာမှ မေးမရ တော့ဘူး။ အဲဒီမှာက ဒဏ်ရာရတဲ့အထဲမှာ စစ်ကြောင်းမှူး ထိတယ်လို့ ကြားတယ်၊ သေတော့ မသေဘူး။ ပုဂ္ဂလိက ဆေးရုံမှာ အရေးပေါ်ဆေးကုသနေတယ်လို့ သိရတယ်။ အဲဒီကားမှောက်မှု မှာ သေဆုံး၊ ဒဏ်ရာရ အရေအတွက်တော့ မသိရသေးဘူး။ အခုက စစ်ကြောင်း မှူးလည်း အသစ်ပြောင်း သွားပြီ။ အဲဒီဖြစ်စဉ်ဖြစ်ပြီးတော့ ပြောင်းသွားတာ၊” ဟု မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။
ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဆည်တော်ရွာ၊ ကျွဲခြံရွာ ၊ လယ်မရွာစသည့်ကျေးရွာများမှ ရွာသူရွာသားများကို တစ်အိမ် တစ်ယောက်ခေါ်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်သည်ဟု ပြောဆိုခြင်း၊ ကျောင်းများကို အတင်းအဓမ္မဖွင့် ခိုင်းခြင်းတို့ လုပ်ဆောင်ခဲ့သည့် အပြင် ကားသမားများနှင့် ကားများကို ချောဆွဲခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။
D Day News