Pakokku News

0 0
Read Time:2 Minute, 9 Second

ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရဲကင်းစခန်းကို သိမ်းပိုက်မှု ၅ ဦးသေဆုံးပြီး ၂ ဦးအလံဖြူထောင် လက်နက်ချ၊ ဒရုန်းပစ်လက်နက် ၁ လက်အပါအဝင် လက်နက် ၈ သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၂၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦးအလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ကာ ဒရုန်းပစ်လက်နက် ၁ လက် အပါအဝင် လက်နက် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၄ နာရီခန့်က ပခုက္ကူမြို့နယ်၊ သာကြီးတောင်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီအချိန် တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၂ ဦးအလံဖြူထောင် လက် နက်ချကာ ၁ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် G3 အမျိုးအစားသေနတ် ၂ လက်၊ BA 94 အမျိုးအစား သေနတ် ၄ လက် ၊ MA13 အမျိုး အစား သေနတ်၁ လတ် ၊ ဒရုန်းပစ်သေနတ် ၁ လက် ၊ ကျည်မျိုးစုံ ၁၀၀၀ ကျော် ၊ မိုင်းအမျိုးမျိုး ၊ ငွေသား သိန်း ၆၀ ကျော်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

 

ဆက်လက်၍ အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သား အကြွင်းအကျန်များကို လိုက် လံချေမှုန်းတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ် လေကြောင်းပစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ( တပ်ပေါင်းစု) ၊ FRF တပ်ဖွဲ ၊ BGF တပ်ဖွဲ့ ၊ ပကဖ တပ်ပေါင်းစု အမှတ် (၁) တပ်ရင်း ၊ ကမ္မတပ်ပေါင်းစုတို့ အတူတကွ ညီညီညွှတ်ညွှတ် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *