Depeyin News

0 0
Read Time:5 Minute, 57 Second

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၈ ဦးသေဆုံး၊ ကျန်စစ်သားများ ထွက်ပြေး သွားပြီး အချုပ်သား ၂၀ ဦးကယ်ထုတ်နိုင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်သားများကို ရဟတ် ယာဉ် ၂ စီးဖြင့် ၂ ကြိမ်ပို့ပြီး မြို့ကို ပြန်လည်ထိန်းချုပ်

 

D Day News

ဩဂုတ်လ ၂၁

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးကာ ကျန်စစ်သားများထွက်ပြေးသွားပြီး ရဲစခန်းအချုပ်မှ အချုပ်သား ၂၀ ဦး ကယ်ထုတ်နိုင်ခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်သားများကို ရဟတ်ယာဉ် ၂ စီးဖြင့် ၂ ကြိမ်ပို့ကာ မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရ သည်။

 

ဩဂုတ်လ ၁၅ ရက် ည ၈ နာရီမိနစ် ၃၀ အချိန်မှစတင်၍ ဒီပဲယင်းမြို့ပေါ်၌ အကြမ်းဖက် စစ်ကောင်စီ တပ် ဗိုလ်ကြီး အောင်ဟိန်းဦး ဦးစီး ခမရ ၇၀၄၊ ၇၀၈ ၊ ရဲ နှင့် ပျူ ပူး ပေါင်း အင်အား ၇၉ ဦး အခြေပြု နေထိုင်သော ဒီပဲယင်းမြိုပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့ အကြမ်းဖက်စခန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၈ ရက် နံနက် ၄ နာရီအချိန်တွင်အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁ ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း ၆၊ ၉၊ ၁၂ ၊ ရွှေဘိုခရိုင် လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပကဖ၊ ဗျူဟာ-၅၃ ၊ 96Soldier နှင့် ဒီပဲယင်း LPDF ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ကျဆုံးခဲ့ကာ မြို့သိမ်းပိုက်ပြီးနောက်ပြန်လည် ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

 

ယင်းမြို့သိမ်းတိုက်ပွဲအတွင်း ရေဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် လခရ ၈၉ တပ်ရင်းမှ အင်အား ၆၀ ခန့်ဖြင့် စစ်ကူပေးရန် ထွက်လာခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၈ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိကာ ကျန်စစ်သား၊ ရဲ၊ ပျူများမှာ ထွက်ပြေးသွားကြောင်း၊ ထို့အပြင် ပျူ ၂ ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး

Non-CDM ဝန်ထမ်း ၄၀ ဦး၊ အချုပ်သား (၂၀) ဦး နှင့် ပြည်သူ ၇၂ ဦး တို့ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီထံမှ လက်နက်မျိုးစုံ (၂၂) လက်၊ ကျည်မျိုးစုံ (၄၉၀၀) ခန့်၊ ဗုံး သီးမျိုးစုံ (၅၇) လုံး၊ မိုင်းမျိုးစုံ (၂၀) လုံး၊ ကျည်အိမ် (၈) ခုနှင့် ငွေကျပ် သိန်း (၃၄၀) ကျော် သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

 

ဒီပဲမြို့သိမ်းတိုက်ပွဲဆင်နွဲစဉ် ဩဂုတ်လ ၁၆ ရက်နေ့က ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်အတွင်းသို့ တံတာ ဦးမှ တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးသီး ၃ လုံး ၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် မြို့မရပ်ကွက်နှင့်မြို့အနီးရှိ မစိုးရိမ်ရွာ ဘနု်းကြီး အနီးသို့ တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခမှ တက်လာသည့် Mi 35 ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် ဒီပဲယင်းမြို့ထဲသို့ တံတားဦးမှ တက်လာသည့် Y12 လေယာဉ် ၁ စီးဖြင့် ဗုံးသီး ၅၆ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဒီပဲယင်းမြို့ပတ်ပတ်လည်သို့လည်း နမခမှ တက်လာ သည့် Mi 35 ရဟတ်ယာဉ် ၁ စီးဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်နေစဉ် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တက်လာသော Mi -35 ရဟတ်ယာဉ်ဖြင့် မြို့ ပတ်ပတ်လည်ကို ပစ်ခတ်တိုက်ခိုက်ကာ မြို့ပြင်တနေရာ၌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် -လပခ မှ တက်လာသော Mi 17 ထောာက်ပို့ ရဟတ်ယာဉ် ၂ စီးဖြင့် စစ်ကောင်စီတပ်သား ၅၄ ဦးပို့ချခဲ့ကြောင်း၊ ထို့အပြင် နမခမှ တက်လာသော Mi-35 ရဟတ်ယာဉ် ၁ စီးဖြင့် ဝဲပတ်ပစ်ခတ်ကာ လပခမှ တက်လာ သော Mi-17 (၂) စီးဖြင့် လပခ လက်အောက်ခံ (တပ်စိစစ်ဆဲ) အင်အား (၅၀) ခန့် ထပ်မံ ပိုချခဲ့ ကြောင်း သိရသည်။

 

ထိုနောက် ဒီပဲယင်းမြို့ကို တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးသီး (၂) လုံးကြဲချ တိုက်ခိုက်ခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရေဦးမြို့နယ်၊ တိန်းတံရံရွာနှင့် ရွာ ဈေးတို့ကိုလည်း တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *