Yesagyo News

0 0
Read Time:4 Minute, 24 Second

ရေစကြိုမြို့ အထက ၁ ကျောင်းရှေ့၌ ကင်းစောင့်နေသော စစ်သား ၃ ဦးနှင့် ကင်းပတ်လာသော စစ်ကားတစ်စီးကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရပ်ကွက်အတွင်း ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၂၀

 

မကွေးတိုင်း၊ ရေစကြိုမြို့ အထက ၁ ကျောင်းရှေ့၌ ကင်းစောင့်နေသော စစ်သား ၃ ဦးနှင့် ကင်းပတ် လာသော စစ်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရပ်ကွက်အတွင်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း Souther YSO PDF ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၉ နာရီခန့်က ရေစကြိုမြို့၊ အထက ၁ ကျောင်းအနီးလမ်းမပေါ်တွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်သား ၃ ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး စလုံးသေဆုံးသွားကြောင်း၊ သေဆုံးသွားသည့် အကြမ်းဖက်စစ်သား ၃ ဦးကိုင်ဆောင်ထားသော MA 1 အမျိုးအစားသေနတ် တစ်လက်၊ MA 3 အမျိုးအစားသေနတ် ၁ လက်နှင့် G3 အမျိုးအစားသေနတ် ၁ လက်တို့ကို ကောက်ယူရန်ကြိုးစားစဉ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်စိုက်ပျိုးရေးရုံးအတွင်း တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများက တရပ်စပ်ပစ်ခတ်နေသဖြင့် ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

“ရေစကြိုမြို့ပေါ် အထက ၁ ကျောင်းအနီးမှာရှိတဲ့ စခ ၃ ဦးကို ပစ်ခတ်ခဲ့တာ။ သေသွားပြီ။ MA 1 တစ်လက်၊ MA 3 တစ်လက်၊ G3 တစ်လက်၊ သွားကောက်ဖို့က ကောက်လို့မရခဲ့ဘူး။ အဲဒီနေရာနဲ့ မီတာ ၂၀၀ လောက်မှာက ရုံးပေါင်းစုံရှိတယ်။ စိုက်ပျိုးရေးရုံးရှိတယ်၊ အဲဒီထဲမှာ စခတွေက တပ်စွဲ နေတာ၊ တပ်စွဲနေတဲ့အတွက်အဲဒီကနေ ကောင်တာတွေလာတယ်။ ကျနော်တို့ကလည်း ကြိုးစား ကောက်တယ်၊ ကျနော်တို့ကလေးတစ်ယောက်ဆိုရင် ၄၀ မမ လာကျတာ၊ စားပွဲခုံကာလိုက်လို့၊ စားပွဲခုံရော၊ လူရော၊ လက်နက်တွေရောလွင့်ထွက်သွားတာ။ လူကတော့ ဘာမှ မဖြစ်လိုက်ဘူး။ ထိခိုက်ဒဏ်ရာလဲ မရဘူး။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြော ကြားသည်။

 

ထိုသို့ တိုက်ခိုက်နေစဉ်အတွင်း ကင်းလှည့်ထွက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အာရာဖတ် ကားပေါ်မှ စစ်သားများက ပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယင်းအကြမ်းဖက်စစ်သားများနှင့် ထပ်မံ ထိပ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရေ စကြိုပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF တပ်ဖွဲ့ ၊ Myingyan Black Tiger – MBT တပ်ဖွဲ့နှင့် ရေစကြိုပလဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်သားများနှင့် မြို့ထဲနေရာအချို့၌ တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်သားများက အနီးအနားရှိ ပြည်သူ နေထိုင်ရာ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

 

“အခင်းဖြစ်ပြီးတော့ ရုံးပေါင်းစုံဂိတ်ထဲကရော မြို့ထဲကရော လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာ ပြည်သူ ၄ ဦးသေဆုံးတယ်လို့ ကျနော်တို့ကြားသိရတယ်။ စခတွေက လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ရမ်းသမ်းပြီးပစ်တယ်၊ လက်နက်ကြီးကျည် ကျပြီး သေတဲ့သူတွေရှိတယ်၊ လက်နက်ငယ် ထိမှန် ပြီးသေတဲ့သူတွေလည်းရှိတယ်။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *